Connect with us

Africa & Middle East

ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ယီမင် အပစ်အခတ် ရပ်စဲရေးအတွက် ကြေညာ

သမ္မတ Abd-Rabbu Mansour Hadi ကို သစ္စာခံကြသော ယီမင် တိုက်ခိုက်ရေး သမားများအား Marib ပြည်နယ် အဝေးပြေး လမ်းမပေါ်တွင် ၂ဝ၁၆ ခုနှစ် ဧပြီလ ၉ ရက်က တွေ့ရစဉ် ( ဆင်ဟွာ )

ရီယာ့ဒ် ၊ ဧပြီ ၁၁ ရက် ( ဆင်ဟွာ )

ဆော်ဒီအာရေးဗီးယား နိုင်ငံက ဦးဆောင်ထားသော ညွန့်ပေါင်းတပ်ဖွဲ့သည် ၂ဝ၁၆ ခုနှစ် ဧပြီလ ၁ဝ ရက် ညပိုင်းမှ စတင်ကာ ယီမင် တိုက်ခိုက်ရေး သမားများနှင့် အပစ်အခတ ်ရပ်စဲသွားမည် ဖြစ်ကြောင်းနှင့် ဧပြီလ ၁၈ ရက်တွင် ကူဝိတ်နိုင်ငံ၌ တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆော်ဒီ သတင်း အေဂျင်စီ၏ ရေးသားချက် အရ သိရသည်။

ယီမင် အစိုးရ၏ တောင်းဆိုချက် အရ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုသည် ဧပြီလ ၁ဝ ရက် ၊ ဒေသ စံတော်ချိန် ည ၉ နာရီမှ စတင်ကာ ကူဝိတ် ဆွေးနွေးပွဲ ပြီးသည့်အချိန်ထိ သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ညွန့်ပေါင်း တပ်ဖွဲ့ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုသည် နိုင်ငံတကာမှ အသိအမှတ် ပြုထားသော ယီမင်သမ္မတ Abd-Rabbu Mansour Hadi ၏ အစိုးရအဖွဲ့ကို ထောက်ခံအားပေးရန် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များက ယီမင်နိုင်ငံတွင် ဗုံးကြဲ တိုက်ခိုက်မှုများ စတင်ခဲ့သည့် ၂ဝ၁၅ ခုနှစ် မတ်လမ ှစတင်ကာ ပြုလုပ်သော လေးကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများသည် ဆွေးနွေးပွဲများ မအောင်မြင်ခြင်း နှင့်အတူ ပျက်ပြယ်ခဲ့ရသည်။ သို့သော် ရှေ့တစ်ပတ် ကူဝိတ် နိုင်ငံတွင် ကျင်းပမည့် ဆွေးနွေးပွဲသည် ပို၍ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အကဲခတ်များက မျှော်လင့်ထားသည်။
ညွန့်ပေါင်း တပ်ဖွဲ့က ပြောကြားရာတွင် ဆွေးနွေးပွဲသို့တက်ရောက် လာကြမည့် ပဋိပက္ခ ဖြစ်ပွားနေသော နှစ်ဖက် ကိုယ်စားလှယ်များ နှင့် ကြားဝင် စေ့စပ်ညှိနှိုင်းသူများက အပစ်အခတ် ရပ်စဲရေး ကာလကို အချိန် တိုးမြှင့်ပေးရန် တောင်းဆိုလာပါက တိုးမြှင့်ပေးရန် ဆုံးဖြတ်မည်ဟု ဆိုသည်။ ဟူသီ သူပုန် တပ်ဖွဲ့နှင့် ၎င်းအား ထောက်ခံသူများက အပစ်အခတ် ရပ်စဲမှုကို ချိုးဖောက်မှုများ ပြုလုပ်လာပါက ညွန့်ပေါင်းတပ်ဖွဲ့က ပြန်လည် တုံ့ပြန်သွားမည်ဟု ပြောခဲ့သည်။
ဆော်ဒီ နှင့် ယီမင် နှစ်နိုင်ငံ နယ်စပ်တွင် ဖြစ်ပွားနေသည့် ဟူသီ စစ်သွေးကြွများ နှင့် ယီမင်တွင် တိုက်ခိုက်မှုများမှာ လူမျိုးစု ဆိုင်ရာ ဖြန်ဖြေမှု ရလဒ်များကြောင့် အဆုံးသတ်တော့မည်ဟု ဆော်ဒီအာရေးဗီးယား နိုင်ငံက ပြီးခဲ့သောလ တွင် ကြေညာ ခဲ့သည်။ ထို့ပြင် နိုင်ငံ ပြန်လည် တည်ဆောက်ရေးနှင့် တည်ငြိမ် အေးချမ်းရေး ပြန်လည်ရရှိရန် ဝိုင်းဝန်း လုပ်ဆောင်ကြ ရလိမ့်မည်ဟူ၍လည်း ဆိုထားသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.