Connect with us

Africa & Middle East

ဒမတ်စကတ်မြို့ အရှေ့မြောက်ပိုင်းတွင် IS အဖွဲ့က အလုပ်သမား ၃၄၄ ဦးအား ပြန်ပေးဆွဲ

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒမတ်စကတ်မြို့ အစွန်အဖျားဒေသ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

IS စစ်သွေးကြွ အဖွဲ့သည် ဒမတ်စကတ်မြို့အနီးရှိ ဘိလပ်မြေ စက်ရုံမှ ဆီးရီးယား အလုပ်သမား ဝန်ထမ်း ၃၄၄ ဦး အား ပြန်ပေးဆွဲ ဖမ်းဆီးခဲ့သည်ဟု ယုံကြည်ရကြောင်း အစိုးရအား ထောက်ခံသည့် Sham FM က ဧပြီလ ၆ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

IS စစ်သွေးကြွများသည် မြို့တော် ဒမတ်စကတ် အရှေ့မြောက်ပိုင်း Dumair မြို့ရှိ ဘိလပ်မြေ စက်ရုံအား တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၄ ရက် နေ့လည်ပိုင်းတွင် ဓါးစားခံများအား နေရာတစ်ခုသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ အားလုံးသည် ဆီးရီးယား နိုင်ငံသားများဖြစ်ပြီး စက်ရုံမှာ ပုဂ္ဂလိကပိုင် ဖြစ်ကာ အစိုးရပိုင် မဟုတ် ကြောင်း သိရသည်။

စက်ရုံအား တိုက်ခိုက်မှုတွင် IS စစ်သွေးကြွများဖက်မှ ၎င်းတို့ကို ထောက်ခံသည့် ဒေသတွင်းက စစ်သွေးကြွများ ပါဝင်ခဲ့ကြကြောင်း နှင့်ဆီးရီးယား လေတပ်က စက်ရုံအနီးသို့ မောင်းသူမဲ့ လေယာဉ် တစ်စီး ပို့လွှတ်စစ်ဆေးခဲ့ရာ စက်ရုံ၌ လူတစ်ဦး တစ်ယောက်မျှ မရှိတော့ဘဲ စက်ပစ္စည်းများလည်း လုယက် ခံထားရကြောင်း တွေ့ရှိခဲ့သည်။

Dumair မြို့သည် ဆီးရီးယား စစ်တပ်နှင့် IS စစ်သွေးကြွ အုပ်စု၏ ထိန်းချုပ်မှု အောက်တွင် နှစ်ပိုင်းကွဲလျက် ကျရောက်လျက် ရှိကြောင်း သိရသည်။

စက်ရုံ တိုက်ခိုက်ခံရသည့် တစ်ပြိုင်နက်တည်းမှာပင် IS စစ်သွေးကြွ အုပ်စု သည် Dumair လေတပ် စခန်းကို လည်း တိုက်ခိုက်ခဲ့ပြီး ဆီးရီးယား စစ်တပ်က ပြန်လည် ကာကွယ်ခဲ့ကြောင်း သိရသည်။

အစီရင်ခံစာတွင် ဖော်ပြချက်အရ ဖမ်းဆီးခံထားရသည့် ဓါးစားခံများ လွတ်မြောက်ရေး အတွက် ကြိုးပမ်းနေကြ ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117