Africa & Middle East
အီရတ် နိုင်ငံ အစိုးရ က တူရကီ နိုင်ငံသား IS အစွန်းရောက် အဖွဲ့ဝင် အမျိုးသမီးအား သေဒဏ်ချမှတ်
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
အီရတ် နိုင်ငံ တရားရုံး က ဖေဖော်ဝါရီ ၁၉ ရက် နေ့၌ တူရကီ နိုင်ငံသား IS အစွန်းရောက် အဖွဲ့ဝင် အမျိုးသမီး အား သေဒဏ်ချမှတ် ခဲ့ပြီး အခြား IS အဖွဲ့ဝင် နိုင်ငံခြားသား အမျိုးသမီး ၁၀ ဦး ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သိရှိရသည်။
အီရတ် နိုင်ငံ အမြင့်ဆုံး တရားရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ က အီရတ် နိုင်ငံ အကြမ်းဖက် နှိမ်နင်းရေး ဥပဒေ အမှတ်စဉ် (၄) အရ IS အစွန်းရောက် အဖွဲ့အစည်း သို့ ဝင်ရောက် ခဲ့သည့် အမျိုးသမီး များအား ပြစ်ဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
၂၀၁၄ ခုနှစ် ၌ IS အစွန်းရောက် အဖွဲ့အစည်း က အီရတ် နိုင်ငံ မြောက်ပိုင်း နှင့် အနောက်ပိုင်း ဒေသ အများကို သိမ်းပိုက် ခဲ့ပြီး နောက်တွင် ပြည်ပ နိုင်ငံ များမှ IS အဖွဲ့ဝင်များက အီရတ် နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့ကြသည်။ အချိန် ၃ နှစ်ကျော်ကြာ အကြမ်းဖက် နှိမ်နင်းရေး စစ်ပွဲ အတွင်း အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ရာနှင့်ချီသော နိုင်ငံခြားသား IS တပ်ဖွဲ့ဝင် များကို ရှင်းလင်း နိုင်ခဲ့ပြီး အချို့ နိုင်ငံခြားသား IS တပ်ဖွဲ့ဝင် များက အစိုးရ တပ်ဖွဲ့သို့ လက်နက်ချ ခဲ့ကြသည်။
ယခု နှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင်လည်း အီရတ် နိုင်ငံ အစိုးရ က ဂျာမနီ နိုင်ငံသား IS တပ်ဖွဲ့ဝင် အမျိုးသမီး ကို သေဒဏ်ချမှတ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)