Connect with us

Africa & Middle East

ဆီးရီးယား အစိုးရ အား ထောက်ခံသည့် တပ်ဖွဲ့ က တူရကီ နိုင်ငံ မှ ဝင်ရောက် သိမ်းပိုက်ထားသည့် ဒေသ သို့ စတင် ဝင်ရောက်


ဒမတ်စကက်စ် ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ နိုင်ငံပိုင် ရုပ်သံဌာန က ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၌ အစိုးရ အား ထောက်ခံသည့် ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့ က နိုင်ငံ မြောက်ပိုင်း Afrin ဒေသ သို့ စတင်ဝင်ရောက်သွားပြီး ဖြစ်ကြောင်း ရုပ်သံလိုင်းမှ တစ်ဆင့် ထုတ်လွှင့် ကြေညာ ခဲ့သည်။

သတင်းဖော်ပြချက်တွင် အစိုးရ အား ထောက်ခံသည့် တပ်ဖွဲ့ က ဆီးရီးယား နိုင်ငံ မြောက်ပိုင်း Aleppo မြို့တွင် စုဝေးပြီး စတင် ထွက်ခွာ ခဲ့ရာ လက်ရှိချိန် တွင် Afrin ဒေသ သို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ဆီးရီးယား နိုင်ငံ ရုပ်သံဌာန က အစိုးရ ထောက်ခံသည့် တပ်ဖွဲ့ မှ Afrin ဒေသ သို့ ဝင်ရောက် သည့် စစ်ဆေးရေး ဂိတ် တစ်ခု တွင် တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ ဒုံးကျည် များဖြင့် တိုက်ခိုက်နေသည့် ဗီဒီယို များကိုလည်း ထုတ်လွှင့် ပြသ ခဲ့သည်။

ဆီးရီးယား အစိုးရ အား ထောက်ခံသည့် တပ်ဖွဲ့ဝင် များ Afrin ဒေသ သို့ စတင်ထွက်ခွာသွား သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆီးရီးယား အစိုးရ အား ထောက်ခံသည့် တပ်ဖွဲ့ဝင် များ Afrin ဒေသ သို့ စတင်ထွက်ခွာသွား သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ သည် ဇန်နဝါရီ ၂၀ ရက်နေ့ မှ စတင်၍ ဆီးရီးယား နိုင်ငံ နယ်နိမိတ် အတွင်း စစ်ရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ဆီးရီယား နိုင်ငံ အစိုးရ က တူရကီ နိုင်ငံ ၏ မိမိ နိုင်ငံ မြောက်ပိုင်းဒေသတွင် ဆောင်ရွက်နေသော စစ်ရေး ဆောင်ရွက်မှုများ နှင့် ပတ်သက်၍ ပြင်းထန်စွာ ပြစ်တင်ဝေဖန် ခဲ့ပြီး ယင်းစစ်ရေးဆောင်ရွက်မှုသည် ဆီးရီးယား နိုင်ငံ အချုပ်အခြာ အာဏာ ကို ရိုင်းစိုင်းစွာကျူးလွန် ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.