ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) West Bank ဒေသတွင် ဖေဖော်ဝါရီ ၁၀ ရက်က ဘတ်စ်ကားတစ်စီး နှင့် ကားတစ်စီး တိုက်မိခဲ့ရာ အစ္စရေးလူမျိုး ၂ဦး သေဆုံးပြီး ၄၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဒစ်အက်ဘာဘာ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ပြီး ခိုင်မာသောမိတ်ဖက်ဆက်ဆံရေးတစ်ခုအတွက် တွန်းအားပေးခဲ့ကြောင်း အီသီယိုးပီးယားအစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင်ပြောကြားခဲ့သည်။
ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ ကြမ်းတမ်းခက်ခဲမှုကြောင့် ကလေးငယ်အများစု အပါအဝင် စုစုပေါင်း လူ ၄၅ဦး မကြာသေးမီကသေဆုံးခဲ့ကြောင်း စစ်ပွဲဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဖေဖော်ဝါရီ ၉ရက်ကပြောကြားခဲ့သည်။
ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) သည် ဖေဖော်ဝါရီ ၉ရက်တွင် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ရှိ IS စစ်သွေးကြွများအား နောက်ဆုံးတိုက်ထုတ်ခြင်းအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကာ့ဒ်တက်ကြွလှုပ်ရှားသူများကပြောကြားခဲ့သည်။
ရီယာ့ဒ်၊ဖေဖော်ဝါရီ လ ၉ ရက်(ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံအစိုးရ၊နိုင်ငံခြားရေးဝန်ကြီး အဒယ်လ် အယ်လ်ဂျူဘား(Adel Al-Jubeir)ကဆော် ဒီအာရေဗျနိုင်ငံသားသတင်းထောက် ဂျမယ်လ်ကာရှော့ဂီ(Jamal Khashoggi)အသတ်ခံရမှုတွင်ဆော် ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန ်(Mohammed Bin Salman) နှင့်ဆက်စပ်နေ သည်ဆိုခြင်းမှာမမှန်ကန်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်ကငြင်းဆိုပြောကြားခဲ့သည်။
မာပူတို၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း ကာဘို ဒဲလ်ဂါဒိုပြည်နယ်တွင် ဖေဖော်ဝါရီလ ၇ ရက် အစောပိုင်းက လက်နက်ကိုင် အမျိုးသားများက လူ ၇ ဦးအား ခေါင်းဖြတ်သတ်ခဲ့သလို မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသွားခဲ့ကြောင်း နိုင်ငံပိုင် ရေဒီယိုဌာနဖြစ်သော ရေဒီယို...
ဘက်ဂဒက်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အီတလီ၊အီးယူတို့နှင့် ထိရောက်သော ဆက်ဆံရေးများ ထူထောင်ရန် စိတ်အားထက်သန်ကြောင်း အီရတ် သမ္မတ Barham Salihက ဖေဖော်ဝါရီ ၆ရက်က ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ၈ ထပ်အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၃ ဦးအထိရှိလာပြီး အခြားသူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစ္စတန်ဘူလ်မြို့ အုပ်ချုပ်ရေးမှူးရုံးက ဖေဖော်ဝါရီလ ၇ ရက်တွင် ကြေညာလိုက်သည်။
ခါတွန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) အီဂျစ် ကုန်စည်များ တင်သွင်းမှု ပိတ်ပင်ထားခြင်းအား ဆူဒန် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာလိုက်သည်ဟု ဆူဒန်မီဒီယာစင်တာ၏ ဖော်ပြချက် အရ သိရသည်။
တီဟီရန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) အီရန်နိုင်ငံသမ္မတ ဟူဆန်ရိုဟန်နီ(Hassan Rouhani) က ဖေဖော်ဝါရီ ၆ ရက်တွင် အရှေ့အလယ်ပိုင်းဒေသ၌ နျူကလီးယားလက်နက်ကင်းစင်ရေးကို တောင်းဆိုလိုက်ကြောင်း Press ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။