Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများကြောင့် အဓိက COVID-19 စမ်းသပ်ရေးစင်တာ ပျက်စီး

ဂါဇာ၊ မေ ၁၉ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေး တိုက်ခိုက်ရေးဂျက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခိုက်မှုများကြောင့် ဂါဇာမြို့ရှိ အဓိက COVID-19 စမ်းသပ်ရေးစင်တာ ပျက်စီးသွားခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက မေ ၁၈ ရက်၌ ပြောကြားခဲ့သည်။ဂါဇာမြို့ အနောက်ဘက် Remal ရပ်ကွက်ရှိ COVID-19 စမ်းသပ်သောစင်တာသည် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများကြောင့် လုပ်ငန်းလည်ပတ်မှု လုံးဝ ရပ်တန့်သွားခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Yousef Abu al-Reesh က ပြောခဲ့သည်။

ဂါဇာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသော အဆောက်အအုံအား ပါလက်စတိုင်းပြည်သူများ ကြည့်ရှုနေစဉ် (ဆင်ဟွာ)

ဓာတ်ခွဲခန်း၊ ကျန်းမာရေးဝန်ကြီးဌာန ရုံးခန်းများနှင့် ပြင်ပလူနာဆေးခန်း ပါဝင်သော အဆိုပါ အဆောက်အအုံမှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနီးဝန်းကျင်ရှိ အဆောက်အအုံများစွာ ပျက်စီးပြီးနောက် ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဂါဇာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသော အဆောက်အအုံအား ပါလက်စတိုင်းပြည်သူများ ကြည့်ရှုနေစဉ် (ဆင်ဟွာ)

မေ ၁၇ ရက် ညပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားပြီးနောက် ဆရာဝန်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ဂါဇာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသော အဆောက်အအုံအား ကြည့်ရှုနေသည့် ပါလက်စတိုင်း အမျိုးသားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးဝန်ကြီးဌာန အဆောက်အအုံများကို အပြည့်အဝကာကွယ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ အဓိကအားဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား အဆင့်မြင့် ကျန်းမာရေးအရာရှိက တောင်းဆိုခဲ့သည်။

“ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့ကြားက ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဖို့အတွက် လိုအပ်နေတဲ့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေ ရရှိဖို့ ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ကူညီပေးဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောခဲ့သည်။

ဂါဇာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသော အဆောက်အအုံမှ အပျက်အစီးအပေါ် ထိုင်နေသည့် ပါလက်စတိုင်း ကလေးငယ်တစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေး တိုက်ခိုက်ရေးဂျက်လေယာဉ်များသည် ဂါဇာကမ်းမြောင်၊ ပစ်မှတ်ထားသော နေအိမ်များ၊ တိုက်ခန်းများ၊ လမ်းများနှင့် စိုက်ပျိုးရေးကွင်းပြင်များပေါ်သို့ လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေးအရင်းအမြစ်များနှင့် မျက်မြင်သက်သေများက မေ ၁၈ ရက်၌ ပြောကြားခဲ့သည်။

တိုက်ခိုက်ရေးဂျက်လေယာဉ်များက ဂါဇာကမ်းမြောင်ရှိ Palestinian Islamic Resistance Movement (Hamas) ပိုင် မြေအောက်ဥမင်ကွန်ရက်ကို ပစ်မှတ်ထားခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးဂျက်လေယာဉ် အစင်း ၆၀ ပါဝင်ခဲ့ပြီး မေ ၁၈ ရက်နံနက်အစောပိုင်း ၃၅ မိနစ်အတွင်း ဟားမတ်စ်ပစ်မှတ်များဆီသို့ ဒုံးကျည် ၁၀၀ စင်းခန့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ဟားမတ်စ်ဦးဆောင်သော စစ်သွေးကြွအုပ်စုကလည်း ဂါဇာကမ်းမြောင်မှ အစ္စရေး မြို့များနှင့် မြို့ကြီးများသို့ ဒုံးကျည် ၉၀ စင်းပစ်ခတ်ခဲ့ကြောင်း၊ ဒုံးကျည် ၇၀ စင်းကို အစ္စရေးစစ်တပ်၏ “Iron Dome”က ကြားဖြတ် ဟန့်တားပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————————–
(English Version)

Main COVID-19 testing center damaged due to Israeli airstrikes on Gaza: official

GAZA, May 18 (Xinhua) — The main COVID-19 testing center in Gaza city was damaged due to intensive Israeli fighter jet strikes waged on the Gaza Strip, a Palestinian health official said Tuesday.

Yousef Abu al-Reesh, health ministry director-general in Gaza, told reporters that the COVID-19 testing center in the Remal neighborhood in western Gaza city has completely stopped operating due to the Israeli airstrikes on the area.
He added that a compound, which includes a laboratory, health ministry offices and an outpatient clinic, was badly damaged after several buildings surrounding the compound were completely destroyed by the airstrikes.

He also said that several doctors and health ministry staff were injured following the Israeli destruction of the buildings on Monday night.

The senior health official called on the international community, mainly the World Health Organization, to ensure full protection of the health ministry facilities in the Gaza Strip.

“The Gaza Strip needs the help of health and humanitarian organizations to ensure medical supplies needed for the protection of medical staff amid the spread of coronavirus in the world,” he said.

On Tuesday, Palestinian security sources and eyewitnesses said that Israeli fighter jets had carried out dozens of airstrikes on the Gaza Strip, targeting homes, apartments, roads and agricultural fields.

An Israeli army spokesman said in a statement that the fighter jets targeted a network of underground tunnels which belong to the Palestinian Islamic Resistance Movement (Hamas) in the Gaza Strip.

The statement said that 60 fighter jets had participated in the airstrikes, adding that around 100 missiles were fired on Hamas targets within 35 minutes early on Tuesday morning.

It also said that militant groups led by Hamas had fired 90 rockets from the Gaza Strip at Israeli towns and cities, adding that the Israeli army “Iron Dome” had managed to intercept 70 of the fired rockets. Enditem

1-Palestinians inspect a destroyed building after an Israeli air strike in Gaza City, on May 18, 2021. The health ministry in Gaza said that since the start of the tit-for-tat Israeli-Palestinian military confrontation, 212 Palestinians were killed, including 61 children, 36 women, and 16 elderly men, and 1,400 were injured. (Photo by RizekAbdeljawad/Xinhua)

2-A Palestinian man inspects a destroyed building after an Israeli air strike in Gaza City, on May 18, 2021. The health ministry in Gaza said that since the start of the tit-for-tat Israeli-Palestinian military confrontation, 212 Palestinians were killed, including 61 children, 36 women, and 16 elderly men, and 1,400 were injured. (Photo by Rizek Abdeljawad/Xinhua)

3-Palestinians inspect a destroyed building after an Israeli air strike in Gaza City, on May 18, 2021. The health ministry in Gaza said that since the start of the tit-for-tat Israeli-Palestinian military confrontation, 212 Palestinians were killed, including 61 children, 36 women, and 16 elderly men, and 1,400 were injured. (Photo by Rizek Abdeljawad/Xinhua)

4-A Palestinian man inspects a destroyed building after an Israeli air strike in Gaza City, on May 18, 2021. The health ministry in Gaza said that since the start of the tit-for-tat Israeli-Palestinian military confrontation, 212 Palestinians were killed, including 61 children, 36 women, and 16 elderly men, and 1,400 were injured. (Photo by Rizek Abdeljawad/Xinhua)

5-A Palestinian man inspects a destroyed building after an Israeli air strike in Gaza City, on May 18, 2021. The health ministry in Gaza said that since the start of the tit-for-tat Israeli-Palestinian military confrontation, 212 Palestinians were killed, including 61 children, 36 women, and 16 elderly men, and 1,400 were injured. (Photo by Rizek Abdeljawad/Xinhua)

6-A Palestinian boy sits over the rubble of a destroyed building after an Israeli air strike in Gaza City, on May 18, 2021. The health ministry in Gaza said that since the start of the tit-for-tat Israeli-Palestinian military confrontation, 212 Palestinians were killed, including 61 children, 36 women, and 16 elderly men, and 1,400 were injured. (Photo by Rizek Abdeljawad/Xinhua)