Connect with us

Africa & Middle East

အာဖဂန်နစ္စတန် အစိုးရတပ်ဖွဲ့ က တာလီဘန် လက်နက်ကိုင် ၁၄၃ ဦးအား သုတ်သင် ရှင်းလင်း

ကဘူးလ် ၊ မေ ၁၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ၏ မေ ၁၈ ရက် ထုတ်ပြန်ချက်အရ ပြီးခဲ့သော ၂၄ နာရီအတွင်း အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ တပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ ပြည်နယ်အချို့၌ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာတွင် တာလီဘန် လက်နက်ကိုင်အဖွဲ့ဝင် ၁၄၃ ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဆိုသည်။အစိုးရတပ်ဖွဲ့အနေဖြင့် Nangarhar ပြည်နယ် ၊ Zabul ပြည်နယ် ၊ Herat ပြည်နယ် ၊ Badghis ပြည်နယ် ၊ Faryab ပြည်နယ် ၊ Balkh ပြည်နယ် ၊ Helmand ပြည်နယ် နှင့် Baghlan ပြည်နယ် တို့တွင် တာလီဘန် လက်နက်ကိုင်အဖွဲ့အား တိုက်ခိုက်သည့် စစ်ဆင်ရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ တာလီဘန် လက်နက်ကိုင်အဖွဲ့ဝင် ၁၄၃ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည့် အပြင် အခြား တာလီဘန်တပ်ဖွဲ့ဝင် ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထို့ပြင် အစိုးရတပ်ဖွဲ့အနေဖြင့် တာလီဘန် အဖွဲ့ လွယ်ကူစွာပြုလုပ်ထားသည့် ပေါက်ကွဲစေနိုင်သော ကိရိယာ ၅၂ ခုကို ရှာဖွေတွေ့ရှိရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာလီဘန်လက်နက်ကိုင်ဖက်က မည်သည့် မှတ်ချက်မျှ ပြောကြားထားခြင်းမရှိပေ။

အမေရိကန် နှင့် နေတိုးတပ်ဖွဲ့ သည် မေလ ၁ ရက်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံ မှ တရားဝင် စတင်တပ်ဆုတ်သွားခဲ့ပြီး အစီအစဉ်အရ စက်တင်ဘာ ၁၁ ရက် မတိုင်မီ တပ်ဖွဲ့ဝင်များအားလုံးကို ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ၊ လတ်တလောရက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ ပြည်တွင်း၌ တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားလာခဲ့ပြီး လုံခြုံရေး အခြေအနေမှာလည်း တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့ကြောင်း ၊ အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် တာလီဘန် တို့သည် မေ ၁၃ ရက် မှ ၁၅ ရက်အထိ အပစ်အခတ်ရပ်စဲရန် ကြေညာခဲ့သော်လည်း နှစ်ဘက်အနေဖြင့် အပြန်အလှန် တိုက်ခိုက်မှုများကို ရပ်တန့်သွားခြင်းမရှိဘဲ အပစ်အခတ်ရပ်စဲခြင်းကို ချိုးဖောက်သည်ဟု နှစ်ဖက်စလုံး အပြန်အလှန်ပြစ်တင်ခဲ့ကြောင်း ၊ အပစ်အခတ်ရပ်စဲသည့် ကာလကျော်လွန်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်ဖက်တပ်ဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ်အများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။ (Xinhua)

#Afghanistan #Taliban #Dead #xinhua #myanmar #xinhuamyanmar #အာဖဂန်နစ္စတန် #တာလီဘန် #သေဆုံးမှု #ဆင်ဟွာ
——————————————————–
(Chinese Version)

(国际)阿富汗政府军击毙143名塔利班武装人员

新华社喀布尔5月18日电(记者史先涛)阿富汗国防部18日发表声明说,在过去24小时内,阿政府军在几个省展开行动,共击毙143名塔利班武装人员。
声明说,政府军在楠格哈尔省、查布尔省、赫拉特省、巴德吉斯省、法里亚布省、巴尔赫省、赫尔曼德省和巴格兰省等地展开打击塔利班武装的行动。除击毙143名塔利班武装人员外,政府军还打伤66名塔利班武装人员。另外,政府军还发现并拆除了塔利班武装分子的52枚简易爆炸装置。
目前,塔利班方面尚未对阿国防部上述声明做出回应。

美国和北约军队5月1日开始正式撤离阿富汗,计划在9月11日前全部撤出。近期,阿富汗国内袭击事件不断,安全形势日趋恶化。虽然阿政府军和塔利班在13日至15日开斋节期间宣布停火,但是双方的冲突事实上并未停止,互相指责对方违反停火协议。停火期限过后,双方在多个省份又恢复了战斗。(完)

Photo
5月14日,安全人员在阿富汗首都喀布尔北部郊区一座遇袭的清真寺外警戒。 新华社(拉赫马图拉•阿里扎达摄)