Connect with us

Africa & Middle East

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အား ကြိုဆို

ကုလသမဂ္ဂ ၊ မေ ၂၃ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အား ကြိုဆိုကြောင်း မေ ၂၂ ရက်တွင် ပြောကြားခဲ့သည်။သတင်းထုတ်ပြန်ချက်မှတစ်ဆင့် ကောင်စီသည် မေ ၂၁ ရက်မှ စတင်ကာ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အား ကြိုဆိုခဲ့ပြီး ယင်းကိစ္စနှင့် စပ်လျဉ်း၍ အီဂျစ်နိုင်ငံ ၊ အခြားဒေသတွင်းနိုင်ငံများ ၊ ကုလသမဂ္ဂ ၊ အရှေ့အလယ်ပိုင်း Quartet နှင့် အခြားနိုင်ငံတကာမိတ်ဖက်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့သည်။

ကောင်စီက အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝလိုက်နာရန် တောင်းဆိုခဲ့ပြီး အကြမ်းဖက်မှုမှ ပြည်သူများ၏ အသက်များ ဆုံးရှုံးရခြင်းကို ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်များက ပါလက်စတိုင်းအရပ်သားပြည်သူများ အထူးသဖြင့် ဂါဇာဒေသ၌ လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ချက်ချင်း လိုအပ်မှုကို အလေးပေးပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ရေရှည်တည်တံ့သော ပြန်လည်တည်ဆောက်ရေး နှင့် ပြည်လည်ထူထောင်ရေး ၊ အလျင်အမြန်ထောက်ပံ့ရေး အားကောင်းသော အစီအမံများ ၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကုလသမဂ္ဂနှင့်အတူ လုပ်ဆောင်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကောင်စီ၀င်များက တည်ငြိမ်အေးချမ်းမှု ပြန်လည်တည်ဆောက်ရန် အရေးတကြီး လိုအပ်ချက်ကို အလေးထားပြောကြားခဲ့သလို ခိုင်မာပြီး အသိအမှတ်ပြုထားသော နယ်နိမိတ်များနှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နေသည့် အစ္စရေးနှင့်ပါလက်စတိုင်းဒီမိုကရေစီ ကျင့်သုံးသော ဒေသတွင်းနိုင်ငံ နှစ်နိုင်ငံအနေဖြင့် ဘက်စုံငြိမ်းချမ်းရေးအပေါ် အခြေခံသည့် အရေးပါသော အောင်မြင်မှုကို ထပ်လောင်းပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံက အကျိုးဆောင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ပါလက်စတိုင်း အစ္စလာမစ်တော်လှန်ရေးလှုပ်ရှားမှု(ဟာမတ်စ်) ဦးဆောင်သည့် စစ်သွေးကြွအုပ်စုများနှင့် အစ္စရေးတို့အကြား မေ ၂၁ ရက်အစောပိုင်း ပါလက်စတိုင်းအချိန် နံနက် ၂ နာရီမှ စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)

UN Security Council welcomes announcement of ceasefire in Gaza

UNITED NATIONS, May 22 (Xinhua) — United Nations Security Council on Saturday welcomed the announcement of a ceasefire in Gaza.
Through a press statement, the council welcomed the announcement of a ceasefire beginning May 21 and recognized the important role Egypt, other regional countries, the UN, the Middle East Quartet and other international partners played in this regard.

The council called for the full adherence to the ceasefire and mourned the loss of civilian lives resulting from the violence.
The members of the Security Council stressed the immediate need for humanitarian assistance to the Palestinian civilian population, particularly in Gaza, and supported the secretary-general’s call for the international community to work with the United Nations on developing an integrated, robust package of support for a swift, sustainable reconstruction and recovery.

The council members stressed the urgency of the restoration of calm in full and reiterated the importance of achieving a comprehensive peace based on the vision of a region where two democratic states, Israel and Palestine, live side by side in peace with secure and recognized borders.
An Egyptian-brokered ceasefire agreement came into effect early on Friday at 2:00 a.m. Palestinian time between Israel and militant groups led by the Palestinian Islamic Resistance Movement (Hamas). ■