ဒမတ်စကပ်စ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုပြည်နယ် တွင် မတ် ၂၇ ၇က်က လမ်းမိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ စုစုပေါင်း လူ ၉ဦးသေဆုံးပြီးအခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA ကဖော်ပြခဲ့သည်။
ဒိုဟာ၊ မတ် ၂၇ ရက် (ဆင်ဟွာ) ကာတာနိုင်ငံ ၏ ကာကွယ်ရေးဝန်ကြီး ခလဒ်စ်အယ်လ်အတိရက်ခ် (Khalid Al Attiyah) သည် ကာတာနိုင်ငံသို့ရောက်ရှိနေသည့် အီတလီနိုင်ငံ ကာကွယ်ရေးဝန်ကြီး အယ်လီစဘက်တာထရန်တာ(Elisabetta Trenta) နှင့် စစ်ရေး ၊ ကာကွယ်ရေးတွင် နှစ်နိုင်ငံ ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက် ရန်...
ကုလသမဂ္ဂ၊ မတ် ၂၇ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအား တိုက်ခိုက်မှုများ မရပ်တန့်လျှင် အစ္စရေးနိုင်ငံအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း အစ္စရေးသံအမတ်ကြီးက ကုလသမဂ္ဂတွင် မတ် ၂၆ ရက်က ပြောကြားခဲ့သည်။
ရာဘတ်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ သည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၃.၇၈၇ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ဝယ်ယူမည်ဖြစ်ကြောင်း မော်ရိုကိုငွေကြေးသတင်းဝက်ဘ်ဆိုက် Medias24.com က မတ် ၂၅ ရက်တွင်ဖော်ပြခဲ့သည်။
ထရီပိုလီ၊ မတ် ၂၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် အိုင်အက်စ်အဖွဲ့ဝင်များဖြစ်ဖွယ်ရှိသူများက မတ်လ ၂၅ ရက်တွင် အရပ်သား ၁ ဦးအား သတ်ဖြတ်ပြီး အခြား ၃ ဦးအားပြန်ပေးဆွဲခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ဆာနား ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ယီမင် နိုင်ငံ အရှေ့ပိုင်း Marib ပြည်နယ်တွင် မတ် ၂၅ ရက်က ဆော်ဒီ ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ဟူသီ သူပုန် ၅၀ ဦး သေဆုံးသွားခဲ့ကြောင်း ယီမင် အစိုးရမှ ထုတ်ဝေသော...
နီယာမေ ၊ မတ် ၂၆ ရက်(ဆင်ဟွာ) နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffaပြည်နယ်ရှိ ကျေးရွာ ၃ ခုကို မတ် ၂၃ရက်က ဘိုကိုဟာရမ် အစွန်းရောက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အရပ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျာ လုံခြုံရေးဌာနဌာနက မတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဂျေရုဆလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်းလူမျိုး ဟားမတ်အကျဉ်းသားများသည် အကျဉ်းထောင်တစ်ခု၌ အစ္စရေးထောင်ဝန်ထမ်းများကို ဓါးဖြင့်တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ရာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးအကျဉ်းဦးစီးဌာနက မတ် ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ဗာမာကို၊ မတ် ၂၄ရက်(ဆင်ဟွာ) မာလီနိုင်ငံ အလယ်ပိုင်း Fulani လူမျိုးစုများ နေထိုင်ရာကျေးရွာတစ်ခုတွင် မတ် ၂၃ ရက်က လက်နက်ကိုင်များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁၀ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒတ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့ Tigris မြစ်အတွင်း မတ်လ ၂၂ ရက်က လှေနစ်မြုပ်မှုကြောင့် လူ ၉၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။