Connect with us

Africa & Middle East

နိုင်ဂျီးရီးယား နိုင်ငံ၌ နိုင်ငံပေါင်းစုံ စစ်ဆင်ရေး အတွင်း အကြမ်းဖက်သမား ၂၀ ဦး သေဆုံးဟု စစ်ဘက် ပြောရေး ဆိုခွင့် ရှိသူ ပြောကြား

နိုင်ဂျီးရီးယား နိုင်ငံ အတွင်း ပြုလုပ်ခဲ့သော စစ်ဆင်ရေး တစ်ခုတွင် နိုင်ဂျီးရီးယား တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဆင်ဟွာ)

လာဂိုစ့် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယား ၊ ချတ်ဒ် ၊ ကင်မရွန်း နှင့် နိုင်ဂျာ နိုင်ငံတို့မှ တပ်ဖွဲ့များ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးနောက် အနည်းဆုံး အကြမ်းဖက် သမား ၂၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား စစ်ဘက် ပြောရေးဆိုခွင့် ရှိသူက ဇွန် ၃ ရက်တွင် အတည်ပြုခဲ့သည်။

နိုင်ငံပေါင်းစုံ တပ်ဖွဲ့များ၏ ပြောခွင့်ရ အကြီးအကဲ ပုဂ္ဂိုလ် ဖြစ်သူ နိုင်ဂျီးရီးယား တပ်ဖွဲ့အရာရှိ Timothy Antigha က ပြောကြားရာတွင် တပ်ဖွဲ့များသည် Arege ၊ Malkonory နှင့် Tumbum Rego ဧရိယာ တစ်ဝိုက် စစ်ဆင်ရေး ပြုလုပ်နေစဉ် အတွင်း အကြမ်းဖက်သမားများကို သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာမှ ရရှိသော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးသည် Lake Chad ဧရိယာမှ IS အကြမ်းဖက်သမားများအား ရှင်းလင်းရန် ဆက်လက် ပြုလုပ်နေသော စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများ အတွင်း နိုင်ငံပေါင်းစုံ ပူးပေါင်း စစ်ဆင်ရေး တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာ ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမှုများ ပြုလုပ်ရန် အတွက် ရွှေ့ပြောင်းပေးခဲ့ရကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံပေါင်းစုံ ပူးပေါင်း စစ်ဆင်ရေး တပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့ဝင်များအား ထိန်းသိမ်း ကိုင်တွယ် စစ်ဆင်ခွင့် ဆက်လက် ရှိနေမည် ဖြစ်ကြောင်း နှင့် Lake Chad ဒေသရှိ ပြည်သူများ၏ ထောက်ခံမှု နှင့် သွေးစည်း ညီညွှတ်မှုကိုလည်း အဆက်မပြတ် လိုအပ်ကြောင်း နိုင်ဂျီးရီးယား တပ်ဖွဲ့အရာရှိက ပြောခဲ့သည်။

နိုင်ငံပေါင်းစုံ ပူးပေါင်း စစ်ဆင်ရေး တပ်ဖွဲ့သည် Lake Chad အနီးရှိ ဘိုကိုဟာရမ် သောင်းကျန်းသူများအား နှိမ်နှင်းရန် စစ်ဆင်ရေး အသစ် တစ်ခုအား ဖေဖော်ဝါရီလ အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.