Connect with us

Africa & Middle East

အီရန်နိုင်ငံသမ္မတ အာရှထိပ်သီးအစည်းအဝေးတက်ရောက်ရန် တာဂျစ်ကစ္စတန် သို့သွားရောက်မည်

အီရန်နိုင်ငံသမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) အားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) သည် အာရှတိုက်တွင် အပြန်အလှန် ဆက်သွယ်မှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေး (CICA)အားတက်ရောက်ရန် လာမည့်ရက်သတ္တပတ် တွင် တာဂျစ်ကစ္စတန်နိုင်ငံ ၏ မြို့တော်ဒူရှန်းဘီ (Dushanbe) သို့သွားရောက်မည်ဖြစ်ကြောင်း Tasnim သတင်းအေဂျင်စီက ဇွန် ၆ ရက်တွင်ဖော်ပြခဲ့သည်။

တာဂျစ်ကစ္စတန်နိုင်ငံသမ္မတ Emomali Rahmon က သမ္မတရိုဟာနီအား CICA ၏ ၅ကြိမ်မြောက်ထိပ်သီးအစည်းအဝေး ဖိတ်ကြားချက် အား ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖိတ်ကြားမှုအား တာဂျစ်ကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin ၏ မကြာမီက တီဟီရန် သို့လာရောက်စဉ် အတည်ပြုခဲ့ခြင်းဖြစ်သည်။

CICA ထိပ်သီးအစည်းအဝေးသည် ဒူရှန်းဘီမြို့ ၌ ဇွန် ၁၄ ရက် နှင့် ၁၅ ရက် တွင် ကျင်းပရန်စီစဉ်ထားပြီး၊ အဆိုပါထိပ်သီးအစည်းအဝေးမှ အာရှတိုက်အတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် တည်ငြိမ်ရေးတို့ ကိုမြှင့်တင်ပြီး ပူးပေါင်း၍ အတူတကွရှေ့ဆက်သွားကြရန် ရန်ရွယ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.