Connect with us

Asia

ဂင်္ဂါမြစ်ရေကို အွန်လိုင်းပေါ်မှ တဆင့် ရောင်းချရန် အိန္ဒိယ အစိုးရ စီစဉ်နေ

အိန္ဒိယနိုင်ငံရှိ ဂင်္ဂါမြစ်ကြီးတွင် ဟိန္ဒူဘာသာဝင်များ ဆုတောင်းနေကြစဉ် (ဆင်ဟွာ)

နယူးဒေလီ ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

ဟိန္ဒူဘာသာဝင်များ အထွဋ်အမြတ် ထားရာ သန့်စင် မွန်မြတ်သော ဂင်္ဂါမြစ်ရေကို အွန်လိုင်းပေါ်မှ တဆင့် ရောင်းချပေးရန် အိန္ဒိယ အစိုးရက စီစဉ်နေကြောင်း သိရသည်။

“စာပို့သမားက ဖုန်းတွေ ၊ ဆာရီတွေ ၊ လက်ဝတ်ရတနာတွေ နဲ့အဝတ်အစားတွေကို လိုက်ပို့ပေးနိုင်တယ်ဆိုရင် ဂင်္ဂါမြစ်ရေ ကိုလည်း ဘာလို့ မပို့ပေးနိုင်ရမှာလဲ” ဟု အိန္ဒိယ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနဝန်ကြီး Ravi Shakar Prasad က သတင်းထောက်များအား ပြောကြားသည်။
ဂင်္ဂါမြစ်သည် အိန္ဒိယနိုင်ငံ လူဦးရေ၏ ၈ဝ ရာခိုင်နှုန်းဖြစ်သော ဟိန္ဒူဘာသာဝင် သန်းပေါင်း ၉၆ဝ အတွက် အထွဋ်အမြတ် ထားရာဖြစ်သည်။ ဟိန္ဒူဘာသာဝင် အများစုသည် ဂင်္ဂါမြစ်ရေက ၎င်းတို့ ကိုယ်ပေါ်တွင် စွဲကပ်နေသည့် မကောင်းမှုများကို သန့်စင် ဖယ်ရှားပေးနိုင်သည်ဟု ယုံကြည်ထားကြသည်။ ထို့ပြင် ဂင်္ဂါ မြစ်ကမ်းတစ်လျှောက်တွင် နေထိုင်ကြသော အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာ၏ နေ့စဉ်ဘဝ လိုအပ်ချက်အတွက် မှီခိုအားထားရာ မြစ်ကြီးလည်း ဖြစ်နေသည်။


အိန္ဒိယနိုင်ငံ အတွင်းရှိ ပြည်သူအားလုံးအတွက် မွန်မြတ် သန့်စင်သော ဂင်္ဂါမြစ်ရေကို ပို့ပေးနိုင်ရန် အတွက် အီလက်ထရောနစ် (e-commerce platform ) ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း Prasad က ပြောကြားခဲ့သည်။
အိန္ဒိယ မြို့ကြီးများရှိ စာပို့သမား အားလုံးကို ယခုနှစ်ကုန်ပိုင်းတွင် စမတ်ဖုန်းများ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ကျေးလက်ဒေသရှိ စာပို့သမားများအတွက် လက်ကိုင်ဖုန်းများကို ၂ဝ၁၇ ခုနှစ် မတ်လတွင် ပေးအပ်သွားမည်ဟု ဝန်ကြီးက ဆိုသည်။
အိန္ဒိယနိုင်ငံ အတွင်းရှိ စာတိုက်များသည် ဂင်္ဂါမြစ်ရေ ထည့်ရန် ပုလင်း ထုတ်လုပ်ပေးမည့် ကုမ္ပဏီများနှင့် မြစ်ကမ်းတစ်လျှောက် မြစ်ရေ ပို့ပေးမည့် အစီအစဉ်များကို စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်း အိန္ဒိယသတင်း အေဂျင်စီ အရ သိရသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်း ၊ အိန္ဒိယနိုင်ငံ Uttarakhand ပြည်နယ်ရှိ ဟိမဝန္တာတောင်တန်းမှ မြစ်ဖျားခံ စီးဆင်းလာသော ဂင်္ဂါမြစ်သည် အရှည် ၂,၅၂၅ ကီလိုမီတာ ရှိပြီး ဘင်္ဂလား ပင်လယ်အော်ထဲသို့ စီးဝင်သွားကြောင်း သိရသည်။ ၎င်းသည် ကမ္ဘာ့တတိယ အကြီးဆုံးမြစ် နှင့် အကျော်ကြားဆုံး မြစ်တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.