Asia
တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငန်းများ အားလုံးကို ညီတူညီမျှ ဆက်ဆံသွားမည်ဟု သမ္မတ ရှီ ကတိပြု
![အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီး အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2017/11/images_world_2017_11_10m1.jpg)
ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ္ဘာကြီးနှင့် ပိုမို ပွင့်လင်းလာသည့်အတွက် နိုင်ငံအတွင်း မှတ်ပုံတင်ထားသည့် စီးပွားရေးလုပ်ငန်းများ အားလုံးကို ညီတူညီမျှ ဆက်ဆံသွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ယနေ့ (နိုဝင်ဘာလ ၁၀ ရက်) ပြောကြားလိုက်သည်။
ရှီက ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီး အစည်းအဝေးတွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)