Connect with us

Asia

ပါကစ္စတန် နိုင်ငံ တွင် အဝေးပြေး ခရီးသည် တင်ယာဉ် တစ်စင်း ချောက်ထဲ ကျ ၊ လူ ၁၇ ဦး သေဆုံး

ပါကစ္စတန် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ယာဉ်မတော်တဆမှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ တွင် အောက်တိုဘာ ၂၈ ရက် ညပိုင်း အချိန် ၌ အဝေးပြေး ခရီးသည်တင်ယာဉ် တစ်စင်း ချောက်ထဲ ပြုတ်ကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၇ ဦး သေဆုံး ခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ အဝေးပြေး ခရီးသည်တင်ယာဉ် သည် နိုင်ငံ မြောက်ပိုင်း ရှိ Rawalpindi မြို့ သို့ ဦးတည် မောင်းနှင်နေစဉ် အတွင်း တောင်တက်လမ်းရှိ လမ်းကွေ့ တစ်ခု တွင် ထိန်းချုပ် နိုင်ခြင်း မရှိတော့ဘဲ ချောက်ထဲ ကျခဲ့ခြင်း ဖြစ်ကြောင်း ၊ အချင်းဖြစ်ပွား မှုကြောင့် ၁၇ ဦး သေဆုံး ခဲ့ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ အချင်းဖြစ်ပွား ချိန် သည် ညပိုင်း ဖြစ်ပြီး လူအသွားအလာ နည်းသည့် ဒေသ တွင် ဖြစ်ပွား ခဲ့သောကြောင့် နာရီ အနည်းငယ် အကြာ မှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပါကစ္စတန် နိုင်ငံ တွင် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ဝန်ပိုတင်ဆောင်မှု ၊ သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်မှု ၊ ယာဉ်အိုဟောင်းမှု ၊ ယာဉ်လမ်း မကောင်းမွန်မှု နှင့် ထိန်းသိမ်းမှု အားနည်းမှု တို့သည် မတော်တဆဖြစ်ပွား ရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.