Connect with us

Asia

ရုရှားနိုင်ငံတွင် လူနေရပ်ကွက်အတွင်း ပိုလာဝက်ဝံများ ဝင်ရောက်မှုကြောင့် အရေးပေါ်အခြေအနေ သတ်မှတ်ထားခြင်းကို ရုပ်သိမ်း

လူနေအိမ်အတွင်းသို့ ပိုလာဝက်ဝံတစ်ကောင် ဝင်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ အာတိတ် နိုဗာရာ ဇမ်လျာကျွန်းစုပေါ်တွင် ပိုလာဝက်ဝံများ ဝင်ရောက်လာပြီးနောက် အရေးပေါ်အခြေအနေ ၁၀ ရက် ကြေညာထားခြင်းကို ရုပ်သိမ်းလိုက်ကြောင်း အာခန်ဂယ်လ်ဆတ်ဒေသ အုပ်ချုပ်ရေးမှူး ပြန်ကြားရေးရုံးက ဖေဖော်ဝါရီလ ၁၉ ရက်၌ ပြောကြားလိုက်သည်။

“အခြေအနေကတော့ တည်ငြိမ်နေပါပြီ။ အရေးပေါ်အခြေအနေကိုလည်း ရုပ်သိမ်းလိုက်ပါပြီ” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ပိုလာဝက်ဝံများ ဝင်ရောက်လာရသည့်အကြောင်းရင်းတစ်ရပ်မှာ Belushya Guba လူနေရပ်ကွက်အနီးရှိ လူနေအိမ်၏ စွန့်ပစ်ပစ္စည်းတစ်မျိုးက အစာရှာနေသည့် ပိုလာဝက်ဝံများအား ဆွဲဆောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ စွန့်ပစ်ပစ္စည်းများအား တရားဝင် မီးရှို့ဖျက်ဆီးသောစက်ရုံတစ်ခုတွင် မီးရှို့ဖျက်ဆီးရန် အာခန်ဂယ်လ်ဆတ်ဒေသဆိုင်ရာ အစိုးရက ဆုံးဖြတ်ခဲ့သည်။အဆိုပါ လူနေရပ်ကွက်အတွင်းသို့ ပိုလာဝက်ဝံ ၅၂ ကောင် ကျူးကျော်ဝင်ရောက်ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.