Connect with us

Asia

ဂျပန် ASDF ဂျက်တိုက်လေယာဉ်တစ်စင်း ပင်လယ်ထဲ ပျက်ကျခဲ့သော်လည်း လေယာဉ်ဝန်ထမ်း ၂ဦးကို ကယ်ဆယ်နိုင်ခဲ့

ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (ASDF) မှတိုက်ဂျက်လေယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဂျပန်ဂျက်တိုက်လေယာဉ် တစ်စင်းသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက လေ့ကျင့်ပျံသန်းမှု တစ်ခု ပြုလုပ်နေစဉ်အတွင်း ပျက်ကျခဲ့သော်လည်း လေယာဉ်ဝန်ထမ်း ၂ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးလေတပ် (ASDF) မှ F-2 ဂျက်တိုက်လေယာဉ်တစ်စင်းသည် ရာမဂူချီစီရင်စု ကမ်းခြေအလွန်တွင် ဒေသစံတော်ချိန် နံနက် ၉း၁၈နာရီ တွင် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း ASDF ကပြောကြားခဲ့သည်။ဖူကူအိုကာစီရင်စု အနောက်တောင်ပိုင်း စုအီကီလေတပ်စခန်း ၏ အရှေ့မြောက်ဘက် ၁၃၀ကီလိုမီတာ အကွာခန့်တွင် ယင်းလေယာဉ်အား ရေဒါပေါ်တွင် နောက်ဆုံးတွေ့မြင်ခဲ့ကြောင်း သိရသည်။F-2 တိုက်လေယာဉ်သည် မပျက်ကျခင် လေကျင့်ပျံသန်းမှုပြုလုပ်ရန် အခြားသော တိုက်လေယာဉ် ၂စင်း နှင့် အတူ ဒေသစံတော်ချိန် နံနက် ၉း၀၀နာရီတွင် လေတပ်စခန်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။ (Xinhua)