Connect with us

Asia

မော်ရိုကိုနိုင်ငံတွင် မူးယစ်ကုန်ကူးမှုအတွက် တူနီးရှားနိုင်ငံသား ၃ ဦး ဖမ်းဆီး

ကိုကင်းထုပ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရာဘတ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ ကာဆာဘလန်ကာမြို့ရှိ Mohammed V လေဆိပ်တွင် မူးယစ်ကုန်ကူးမှုှနှင့် ပတ်သက်မှုရှိကြောင်း စွပ်စွဲချက်ဖြင့် အမျိုးသမီး ၂ ဦးအပါအဝင် တူနီးရှားနိုင်ငံသား ၃ ဦးအား ဖေဖော်ဝါရီလ ၁၉ ရက်က ဖမ်းဆီးခဲ့ကြောင်း မော်ရိုကို ရဲတပ်ဖွဲ့က ကြေညာချက်တစ်ခုတွင် ပြောကြားလိုက်သည်။

အသက် ၃၆ နှစ်နှင့် ၅၀ နှစ်အရွယ် သံသယရှိသူနှစ်ဦးသည် လေယာဉ်ပေါ်တက်ရန် စစ်ဆေးသည့် နေရာဝင်ပေါက်တွင် ရှာဖွေရေးလုပ်ဆောင်စဉ် ဆေးခြောက် ၇၄၅ ဂရမ်အား ဆေးပြားများပြုလုပ်ကာ ၎င်းတို့၏ အတွင်းခံအတွင်း ဖွက်ယူလာသည်ကို တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

အခြားသံသယရှိသူ အမျိုးသားတစ်ဦးကလည်း ၎င်း၏အူထဲတွင် ကိုကင်းအား သိုဝှက်ကာ ယူဆောင်လာသည့်အတွက် ဖမ်းဆီးခံခဲ့ရကြောင်း၊ ၎င်းအား Iban Rochd တက္ကသိုလ်ဆေးရုံတွင် ဆေးဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။သံသယရှိသူ ၂ ဦးအား စစ်ဆေးရန် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်းနှင့် တတိယမြောက်လူကိုမူ ၎င်း၏ အစာအိမ်အတွင်းမှ မူးယစ်ဆေးအား ထုတ်ယူရန် စောင့်ဆိုင်းနေကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ (Xinhua)