Connect with us

Asia

အင်ဒိုနီးရှားအရှေ့ပိုင်း၌ ပြင်းအား ၆.ဝ အဆင့်ရှိငလျင်လှုပ် ၊ ဆူနာမီသတိပေးထားခြင်းမရှိသေး

အင်ဒိုနီးရှား၌ နိုဝင်ဘာ ၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဗဟိုချက်အခြေပြမြေပုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Banten ပြည်နယ်၌ (ယနေ့)နိုဝင်ဘာလ ၈ ရက် နံနက်အစောပိုင်းက ပြင်းအား ၆.ဝ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ၊ သို့သော် ဆူနာမီသတိပေးမှုများ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ နှင့် ဘူမိရူပဗေဒအေဂျင်စီက ပြောကြားခဲ့သည်။

အဆိုပါငလျင်သည် Lebak ပြည်နယ် အနောက်တောင်ပိုင်း ၂၇၁ ကီလိုမီတာအကွာ၌ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ၊ ပင်လယ်ရေအောက် ၁ဝ ကီလိုမီတာအကွာတွင် ငလျင်ဗဟိုချက်ပြုခဲ့ကြောင်း အေဂျင်စီက ဆိုသည်။

“ ဆူနာမီသတိပေးချက်တော့ မထုတ်ပြန်ထားပါဘူး” ဟု အေဂျင်စီတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဖြေကြားခဲ့သည်။

အမေရိကန်ဘူမိဗေဒတိုင်းတာရေး(USGS) က ငလျင်ပြင်းအားမှာ ၅.၆ အဆင့်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် “ ပစိဖိတ်မီးကွင်းတန်း” ခေါ် ငလျင်ဇုန်ပေါ်တွင်တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုဒဏ်ကို မကြာခဏခံစားနေရသောနိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.