Connect with us

Asia

အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် အကြီးအကဲ ဆိုနီယာ ဂန္ဒီ ကျန်းမာရေး မကောင်းသဖြင့် ပါတီ အစည်းအဝေး ဥက္ကဋ္ဌနေရာမှ အနားယူ

အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် အကြီးအကဲ ဆိုနီယာ ဂန္ဒီက လက်ပြနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အဓိက အတိုက်အခံ ခေါင်းဆောင် Congress ပါတီ အကြီးအကဲ ဆိုနီယာ ဂန္ဒီသည် ကျန်းမာရေး မကောင်းသည့်အတွက် ပါတီ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် ဥက္ကဋ္ဌနေရာအား ဆုံးရှုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

၎င်း၏ သားနှင့် ပါတီ၏ ဒုတိယမြောက် ခေါင်းဆောင် ဖြစ်သူ နေရူး ဂန္ဒီ၏ မျိုးဆက် ရာဟူးဂန္ဒီ (Rahul Gandhi) သည် နိုဝင်ဘာလ ၁၆ ရက်တွင် ပြုလုပ်မည့် အိန္ဒိယ လွှတ်တော်၏ အစည်းအဝေးတွင် ပါဝင်ခွင့်ရရန် အရေးပါသည့် Congress ပါတီ အလုပ်အဖွဲ့ ကော်မတီ အစည်းအဝေး၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

“ဒီအစည်းအဝေးဟာ ဒီဇင်ဘာလ ၃၁ ရက်မှာ ပြုလုပ်မဲ့ Congress စည်းရုံးရေးဆိုင်ရာ ရွေးကောက်ပွဲများ အဆုံးသတ်ရန် နောက်ဆုံးရက်အား ထပ်တိုးရေးနှင့် မဟာဗျူဟာ အဆုံးသတ်ရေး စသည်တို့အတွက် ဆုံးဖြတ်ပေးမှာ ဖြစ်တယ်” ဟု သတင်းရင်းမြစ်များက ပြောသည်။

အသက် ၆၉ နှစ်အရွယ် ဆိုနီယာ ဂန္ဒီသည် ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ ဖြစ်သည့် အိန္ဒိယနိုင်ငံ မြောက်ပိုင်း Varanasi မြို့သို့ မဲဆွယ် စည်းရုံးရေးဆင်းခဲ့စဉ်က ပခုံး တစ်ဘက် ဒဏ်ရာရရှိခဲ့သဖြင့် ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

၂၀၁၁ ခုနှစ်တွင် ဆိုနီယာသည် ဆေးကုသမှု ခံယူရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ကျန်းမာရေး အခြေအနေအား အသေးစိတ် ပြောကြားထားခြင်း မရှိပေ။ ၂၀၁၄ ခုနှစ်တွင် ဒေလီ ဆေးရုံ၌ တက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့သေးကြောင်း၊ ၂၀၁၃ ခုနှစ်တွင်လည်း လွှတ်တော်အတွင်း နေမကောင်း ဖြစ်ခဲ့သဖြင့် နာရီအနည်းငယ်ကြာ ဆေးရုံသို့ တက်ရောက်ခဲ့ရကြောင်း သိရသည်။

ဆိုနီယာသည် ဝန်ကြီးချုပ်ဟောင်း ရာဂျစ် ဂန္ဒီ၏ ဇနီးဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် အချိန်များစွာ အုပ်ချုပ်ခဲ့သည့် နေရူး ဂန္ဒီ မျိုးဆက် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ သို့သော်လည်း ၎င်း၏ ပါတီသည် ၂၀၁၄ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ မိုဒီ၏ Hindu nationalist Bharatiya Janata ပါတီအား ရှုံးနိမ့်ခဲ့သည်။ (Xinuha)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.