Connect with us

Asia

အိန္ဒိယတွင် ဘတ်စ်ကားတစ်စ်ီး ချောက်ထဲထိုးကျ၍ လူ ၁၂ဦးသေ၊ ၁၃ဦး ဒဏ်ရာရရှိ

အိန္ဒိယတွင် ယခင်က ချောက်ထဲပြုတ်ကျခဲ့သည့် ဘတ်စ်ကားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် နိုဝင်ဘာ ၁၈ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်တစ်ခုအတွင်းသို့ လမ်းချော်၍ ပြုတ်ကျခဲ့ရာ အနည်းဆုံးလူ ၁၂ဦးသေဆုံးပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုသည် Uttar Pradesh ပြည်နယ် မြို့တော်၏ မြောက်ဘက် ၁၀၀ကီလိုမီတာခန့်အကွာ Uttarkashi ခရိုင် Damta မြို့အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသခံ အစိုးရ တာဝန်ရှိသူတစ်ဦး က ပေ ၁၅၀ အနက်ရှိ ချောက်ထဲသို့ ဘတ်စ်ကားတစ်စီး ထိုးကျခဲ့ရာ လူ ၁၂ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူများကို Dehradun သို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ချောက်အတွင်းမှ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူနေကြောင်း နှင့် အခြားသူများကို ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က အဆိုပါ ကိစ္စအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရှိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.