Connect with us

Asia

စင်ကာပူ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဗုံးလန့်မှုဖြစ်ပွားပြီး ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့

စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

စင်ကာပူလေကြောင်းလိုင်းမှ မွမ်ဘိုင်း-စင်ကာပူ ပြေးဆွဲနေသော လေယာဉ်တစ်စင်းသည် မတ်လ ၂၆ ရက် နံနက်ပိုင်းက လေယာဉ်မှူးမှ ဗုံးသတိပေးချက်ရရှိပြီးနောက် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ ယင်းသတိပေးချက်မှာ နောက်ပြောင်မှုတစ်ခုဟု သိရှိခဲ့ရကြောင်း Straits Times က သတင်းဖော်ပြထားသည်။

အဆိုပါ လေယာဉ်မှာ ဘိုးရင်း 777-300ER လေယာဉ်ဖြစ်ပြီး ခရီးသည် ၂၆၃ ဦး လိုက်ပါလာခဲ့သည်။ ထိုလေယာဉ်အား စင်ကာပူလေတပ်၏ စောင့်ရှောက်မှုဖြင့် မတ်လ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီတွင် ချန်ဂီလေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း သတင်းအရ သိရသည်။

လေယာဉ်နှင့် ပတ်သက်၍ ဗုံးခြိမ်းခြောက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း၊ တာဝန်ရှိသူများ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေခြင်းအား လေကြောင်းကုမ္ပဏီကလည်း ကူညီပေးနေကြောင်း စင်ကာပူလေကြောင်း ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အား ကိုးကား၍ Straits Times က ရေးသားထားသည်။

ယင်းလေယာဉ်မှာ မတ်လ ၂၅ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၁း၃၅ နာရီက မွမ်ဘိုင်းမှ ထွက်ခွာပြီးနောက် ဖုန်းခေါ်ဆိုမှုတစ်ခုအား လေကြောင်းလိုင်းမှ လက်ခံရရှိခဲ့ကြောင်း၊ လေယာဉ်ပေါ်၌ ဗုံးရှိကြောင်း ဖုန်းခေါ်ဆိုသူမှ ပြောကြားခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.