Connect with us

Asia

ဂျပန်နိုင်ငံ မီရာဇာကီစီရင်စု တွင် အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်

ဂျပန်နိုင်ငံ မီရာဇာကီစီရင်စု ရှိ ရှုခင်းတစ်နေရာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့တောင်ပိုင်း ကရူးရှူးကျွန်း ပေါ်ရှိ မီရာဇာကီစီရင်စု တွင် မတ် ၂၇ ရက် က အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌာန ကပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) ၏ ပြောကြားချက်အရ ဂျပန်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းအလွန် ဟွန်းရှူးကျွန်း၏ အနောက်တောင်ဘက် ရှိ ဟရူဂါနာဒါ ပင်လယ်ပြင်ကို ဗဟိုပြု၍ ဒေသစံတော်ချိန် နံနက် ၉း၁၁နာရီတွင် လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပင်လယ်ပြင်ငလျင်ဖြစ်ပွားပြီးနောက် JMA က ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

ယင်း ငလျင်သည် မြောက်လတ္တီကျု ၃၂.၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၃၂.၂ ဒီဂရီ ရှိ အနက်မီတာ အနည်းငယ်ကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် သတင်းများ ထွက်ပေါ်လာခြင်းမရှိကြောင်းသိရသည်။ (Xinhua)