Connect with us

Asia

ထိုင်းနိုင်ငံ ရွေးကောက်ပွဲအပြီး ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီဆစ် ရာထူးမှ နုတ်ထွက်

ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ် အားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ် (Abhisit Vejjajiva) သည် အထွေထွေရွေးကောက်ပွဲ၌ ၎င်းပါတီကမျှော်လင့်ထားသည့် မဲအရေအတွက်မရရှိဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ရန် မတ် ၂၄ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်သည် မတ် ၂၄ ရက်ရွေးကောက်ပွဲအပြီး၌ ၎င်း၏ နုတ်ထွက်မှုကို ကြေညာခဲ့ကြောင်း သိရသည်။၎င်းသည် နိုင်ငံရေးအလုပ်များတွင် ဆက်လက်နှစ်မြှုပ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း နှင့် ၎င်းအား ထောက်ခံသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

အမှန်တကယ်မဲပေးမှုစစ်တမ်းများ နှင့် တစ်စိတ်တစ်ပိုင်း မဲရလဒ်များအရ ဒီမိုကရက်တစ်ပါတီသည် အမတ်နေရာ ၈၈နေရာ အနိုင်ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဘီဆစ် က ၎င်း၏ ပါတီအနေဖြင့် အမတ်နေရာ ၁၀၀ အောက် ရရှိပါက ရာထူးမှနုတ်ထွက်သွားမည်ဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ၂၀၁၄ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ယခု မတ် ၂၄ရက်တွင် ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲအား နိုင်ငံရေးပါတီ ၈၀ ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.