Connect with us

Asia

တရုတ်ကုမ္ပဏီနှင့်မလေးရှား ကုမ္ပဏီတို့ပူးပေါင်း၍ စွမ်းအင်သစ် ဘတ်စ်ကားများ ထုတ်လုပ်မည်

Zhongtong ဘတ်စ်ကားကုမ္ပဏီထုတ် လျှပ်စစ်ဘတ်စ်ကား တစ်စီးအား တွေ့ရစဉ်(အင်တာနက်)

ကွာလာလမ်ပူ၊နိုဝင်ဘာလ ၁၂ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Zhongtong ဘတ်စ်ကားကုမ္ပဏီနှင့် မလေးရှားနိုင်ငံမှ Terus Maju Services(TMS) မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတို့ က အာဆီယံဈေးကွက်အတွက်စွမ်းအင်သစ် ဘတ်စ်ကားများ တိုးတက်ဖွံ့ဖြိုးလာစေရန်သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာလ ၁၁ ရက်ကလက် မှတ်ထိုးခဲ့ကြကြောင်းသိရသည်။

TMS ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Loo Kok Seong က အဆိုပါသဘောတူညီချက်ကဗီယက် နမ်၊မြန်မာ နှင့်ကမ္ဘောဒီးယားတို့အပါအဝင်အာဆီယံဈေးကွက်နှင့်မလေးရှားပြည်တွင်းဈေးကွက်တို့ အ တွက်ဘတ်စ်ကားများကိုကုမ္ပဏီနှစ်ခု ပူးတွဲတင်ပို့နိုင်ရန်ရည်မှန်းကြောင်းပြောကြားခဲ့သည်။

၎င်းက မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွင် စွမ်းအင်မျိုးကွဲများပေါ်ထွန်းလာရေးအတွက်ကုမ္ပဏီ နှစ်ခုအနေနှင့်ကူညီမှုပြုသွားရန်ရည်မှန်းပါကြောင်းနှင့် အစိမ်းရောင်နည်းပညာများဖွံ့ဖြိုးတိုးတက်လာ ရေးအတွက်လည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

Zhongtong ဘတ်စ်ကားကုမ္ပဏီ၏ ပင်လယ်ရပ်ခြားဈေးကွက်တာဝန်ခံဖြစ်သူ အဆင့်မြင့်မန်နေဂျာ Li Jiliu  ကလည်း၎င်းတို့ကုမ္ပဏီအနေနှင့် TMS ကုမ္ပဏီသို့အဆင့်မြင့်နည်းပညာနှင့်အစိတ်အပိုင်းများကို လွဲှပြောင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံ၏ ပြည်သူ့သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက်လည်းကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.