Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရထားချင်းခေါင်းချင်းဆိုင် တိုက်မိသဖြင့် လူ ၁၂ ဦးသေဆုံး၊ ၂၈ ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရထားနှစ်စင်းတိုက်မိနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒါကာမှ အရှေ့မြောက်ဘက် ၁၀၉ ကီလိုမီတာအကွာ၊ ဘရာမန်ဘာရီယာခရိုင်တွင် ခရီးသည်တင်ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိသဖြင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ရထားတိုက်မှုမှာ နိုဝင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၂ : ၀၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခရိုင်ရဲချုပ် မိုဟာမက် အာနီဆာ ရာမန် (Mohammad Anisur Rahman) က လူသေဆုံးမှုအပေါ် အတည်ပြုပြောကြားခဲ့ပြီး ဒဏ်ရာရသူများမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိနေသဖြင့် သေဆုံးအရေအတွက်မှာ မြင့်တက်ဖွယ်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရထားချင်းတိုက်ရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)