Connect with us

Asia

တရုတ် ပြည်မသည် ၅ နှစ် ဆက်တိုက် အာရှ-ပစိဖိတ်ဒေသ၏ အကြီးဆုံးသော ခရီးသည် ဇစ်မြစ် ဖြစ်လျက်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက် တရုတ်ပြည်မ ခရီးသည်များကို တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

စင်ကာပူမှ ဇွန်လ ၂၁ ရက် ထုတ်ပြန် သော မာစတာကဒ် (Master card) အာရှ-ပစိဖိတ် ဒေသ ခရီးသည် ပန်းတိုင် အညွန်းစာရင်း အရ တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် ၎င်းဒေသ၏ အကြီးဆုံးသော ခရီးသည် ဇစ်မြစ် ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

စာရင်းတွင် ဖော်ပြထားသော ခန့်မှန်းချက်အရ အာရှ-ပစိဖိတ် ဒေသရှိ စာရင်းတွင် ပါဝင်သော ခရီးပန်းတိုင် ၁၆၇ ခုသို့ ၂၀၁၆ ခုနှစ်တွင် တရုတ် နိုင်ငံမှ ရောက်လာမည့် ပြည်ဝင် ညအိပ်ခရီးသည် ဦးရေ အယောက် ၅၀.၄ သန်း ရှိကြောင်း၊ ၎င်း အရေအတွက်သည် ဒေသတွင်း နိုင်ငံတကာ ပြည်ဝင် ညအိပ်ခရီးသည် ပမာဏ စုစုပေါင်း၏ ၁၅.၇% ရှိမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်တွင် တရုတ် နိုင်ငံမှ ခရီးသည်များ သည် ၎င်းဒေသ၌ အမေရိကန် ဒေါ်လာ ၄၅.၃ ဘီလီယံ သုံးစွဲရန် ခန့်မှန်းထားကြောင်း၊ ၎င်းက ဒေသတွင်း ခရီးသည် အားလုံး သုံးစွဲမှု ပမာဏ စုစုပေါင်း ၏ ၁၈.၂% ရှိမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အပြင် ခရီးသည်ဇစ်မြစ် အများဆုံးသော ဒေသ ၅ ခုတွင် အခြား ၄ ခု သည် တောင်ကိုးရီးယား နိုင်ငံ ၊ တရုတ်ထိုင်ဝမ် ဒေသ ၊ အမေရိကန်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြောင်း၊ ၎င်းနိုင်ငံ နှင့် ဒေသ ၄ ခု မှ အာရှ-ပစိဖိတ် ဒေသကို သွားလာ လည်ပတ်သော ပြည်ဝင်ညအိပ် ခရီးသည် အရေအတွက်သည် ၂၀၁၆ ခုနှစ် တစ်ကမ္ဘာလုံးရှိ ခရီးသည် ပေါင်း၏ ၃၈.၄% ရှိမည် ဖြစ်ကြောင်း သိရသည်။
အာရှ-ပစိဖိတ် ဒေသတွင် လူသွား အများဆုံးသော ခရီးသွား နေရာ ၁၀ ခုတွင် တောင်ကိုးရီးယား နိုင်ငံဆိုးလ်မြို့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ပတ္တရားမြို့ နှင့် ဖူခတ်ကျွန်း အစရှိသော ခရီးပန်းတိုင် ၄ ခု၏ အဓိက ခရီးသည် ဇစ်မြစ်သည် တရုတ်နိုင်ငံမှ ဖြစ်ရာ ၎င်းဒေသများတွင် တရုတ် ခရီးသည်သည် ခရီးသည် စုစုပေါင်း၏ ၅၀.၅% ၊ ၃၈.၂% ၊ ၂၈.၈% နှင့်၂၅.၆% အသီးသီး ရှိကြောင်း သိရသည်။
အညွန်းစာရင်း အရ တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ် မှစ၍ အာရှ-ပစိဖိတ်ဒေသ အကြီးဆုံးသော ခရီးသည် ဇစ်မြစ် ဖြစ်၍ ဂျပန် နိုင်ငံ ကမူ ၂၀၀၉ ခုနှစ် တွင် ပထမနေရာ မှ ၂၀၁၆ ခုနှစ် တွင် ပဉ္စမနေရာ သို့ ကျဆင်းလာကြောင်း သိရသည်။
ပြီးခဲ့သော နှစ် အနည်းငယ် တွင် အာရှ-ပစိဖိတ် ဒေသ ခရီးသည် ဇစ်မြစ်သည် သိသာသော ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်၊ ၎င်းပြောင်းလဲမှု သည် တရုတ်နိုင်ငံ နှင့်အခြား အသစ်ပေါ်ပေါက်လာသည့် စီးပွားရေး အသိုက်အဝန်း ၏ တိုးတက်မှုကို ရောင်ပြန်ဟပ် နိုင်သည်။ ရေရှည်အားဖြင့် အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီးရှား ဈေးကွက်လည်း တူညီသော တိုးတက်မှု ကြုံတွေ့မည် ဖြစ်သော်လည်း တရုတ်နိုင်ငံမှ ခရီးသည်များသည် အာရှတိုက်ရှိ ခရီး ပန်းတိုင်ကို ပို၍ စုစည်း၍ ၎င်းဒေသ၏ ဈေးကွက် အတွက် ပိုမို အရေးကြီးကြောင်း မာစတာ ကုမ္ပဏီ အာရှ-ပစိဖိတ် ဒေသ အပြည်ပြည် ဆိုင်ရာ ထုတ်ကုန်နှင့် ဖြေရှင်းမှု စီမံကိန်း အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Matthew Driver က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.