Connect with us

Asia

ထိုင်းအစိုးရက ပြည်သူများအတွက်နှစ်ကူးလက်ဆောင်အဖြစ် လောင်စာဆီဈေးနှုန်းချပေး

ထိုင်းနိုင်ငံအစိုးရအဖွဲ့အားတွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံအစိုးရက ပြည်သူများအတွက် နှစ်သစ်ကူး လက်ဆောင်မွန်အဖြစ် ဒီဇင်ဘာ ၂၆ ရက်မှစတင်ကာ ဇန်နဝါရီ ၁၀ ရက်အထိ လောင်စာဆီဈေးနှုန်းကို လျှော့ချပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ လက်လီအရောင်းဆိုင်အားလုံးမှာ ဆီတစ်လီတာကို ထိုင်းတစ်ဘတ် ဈေးချပေးသွားမှာပါ ” ဟု စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Sontirat Sontijirawong က ပြောကြားခဲ့ပြီး “ နိုင်ငံတော် လောင်စာဆီရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီက ဆီရန်ပုံငွေအတွက် အခွန်ကောက်ခံမှုကို လျှော့ချပေးထားပြီးဖြစ်ပါတယ်”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုသို့လောင်စာဆီဈေးနှုန်းလျှော့ချပေးခြင်းမှာ နှစ်သစ်ကူးကာလအတွင်း ခရီးသွားကြမည့် ပြည်သူများ ဆီဖိုးငွေကုန်ကျစရိတ်သက်သာစေရန် အတွက် လက်ဆောင်မွန်တစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။

“ အဲဒီအတွက် လောင်စာဆီရန်ပုံငွေကို တစ်ရက် ထိုင်းဘတ် ၈၇ သန်း(အမေရိကန်ဒေါ်လာ ၂ဒသမ၈၈သန်း) ထိ ကုန်ကျစေလိမ့်မှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက် ကနေ ဇန်နဝါရီ ၁၀ ရက်အထိ ဆိုရင် ထိုင်းဘတ်ငွေ ၁ဒသမ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၃ဒသမ၁ သန်း) ကုန်ကျမှာဖြစ်ပါတယ်” ဟု Sontirat က ဆိုသည်။

“ ဒါပေမယ့် အဲဒါက အဆင်ပြေပါတယ် ၊ ပိုက်ဆံကုန်လို့ ဆိုပြီး ကျွန်တော်တို့ စိတ်မပူပါဘူး၊ ထိုင်းပြည်သူတွေအတွက် နှစ်သစ်ကူးလက်ဆောင်မွန်တစ်ခုအနေနဲ့ ဆီဈေးချပေးတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းစွမ်းအင်ဝန်ကြီးက ဇန်နဝါရီ ၁၀ ရက် နောက်ပိုင်းတွင် ကမာ္ဘ့လောင်စာဆီဈေးကွက် ပေါက်ဈေးအရ ဆီဈေးတက်သင့် မတက်သင့်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.