Connect with us

Asia

ကမ္ဘောဒီးယား အထည်ချုပ် စက်ရုံဖယ်ရီကား တိမ်းမှောက်၊ လူ၇၂ဦး ဒဏ်ရာရရှိ

ကမ္ဘောဒီးယားနိုင်ငံတွင် တိမ်းမှောက်ခဲ့သည့် အထည်ချုပ် စက်ရုံဖယ်ရီကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ဖနွမ်းပင်မြို့အရှေ့ဘက် ဆင်ခြေဖုံးဒေသတွင် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အထည်ချုပ်စက်ရုံ အလုပ်သမားပို့ဆောင်ရေး ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့၍ အလုပ်သမား ၇၂ဦးထက်အနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

ထရပ်ကားမောင်းသူသည် ရှေ့တွင်မောင်းနှင်နေသည့် သုံးဘီးဆိုင်ကယ်အား အရှိန်ဖြင့် မဆင်မခြင်ကျော်တက်စဉ် အရှိန်လွန်၍ တစ်ဖက်သို့လိမ့်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမား ၄၃ဦးသည် ဒဏ်ရာအခြေအနေအခြေအနေ စိုးရမ်ရပြီး အခြားအလုပ်သမား ၂၉ဦးသည် အသေးစားဒဏ်ရာများသာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

အလုပ်သမားဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Heng Sour က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးမကြာမီ ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားများအား ဆေးရုံသို့ပို့ဆောင်ပေးထားပြီး ၎င်းတို့၏ ဆေးကုသစရိတ်များအား အမျိုးသားလူမှုလုံခြုံရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်း Kampong Chhnang ပြည်နယ် တွင် အောက်တိုဘာလ ၂၅ရက်က အထည်ချုပ်ဖယ်ရီတစ်စီး နှင့် ကမ္ဘာ့လှည့်ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိုက်မိ၍ အထည်ချုပ်ဖယ်ရီတိမ်းမှောက်ခဲ့ပြီး အထည်ချုပ်အလုပ်သမား ၃၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ အမေရိကန်ဒေါ်လာ ၆.၅ဘီလီယံတန်ဖိုးရှိ အထည်ချုပ်စက်ရုံလုပ်ငန်းသည် စက်ရုံပေါင်း ၁,၀၀၀ နှင့် အလုပ်သမားပေါင်း ၇၅၀,၀၀၀ ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.