Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
ပါကစ္စတန် နိုင်ငံ တွင် အဆိပ်ရှိသောအရက် သောက်သုံး မိသောကြောင့် သေဆုံးသူ ၄၂ ဦး အထိ ရှိလာ - Xinhua News Agency
Connect with us

Asia

ပါကစ္စတန် နိုင်ငံ တွင် အဆိပ်ရှိသောအရက် သောက်သုံး မိသောကြောင့် သေဆုံးသူ ၄၂ ဦး အထိ ရှိလာ

အဆိပ်ရှိသော အရက် သောက်သုံး မိသောကြောင့် သေဆုံး ခဲ့သူ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမာဘတ် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ သတင်းမီဒီယာ များ၏ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဖော်ပြချက်များအရ ခရစ္စမတ် ကာလ အတွင်း ပါကစ္စတန် နိုင်ငံ Punjab ပြည်နယ် Toba Tek Singh ဒေသတွင် ဖြစ်ပွား ခဲ့သည့် အဆိပ်ရှိသော အရက် သောက်သုံး မိသောကြောင့် လူပေါင်း ၄၂ ဦးသေဆုံး ခဲ့ပြီး လက်ရှိချိန်ထိ လူပေါင်းများစွာ ဆေးဝါးကုသမှု ခံယူနေရကြောင်း ဖော်ပြခဲ့သည်။

ပါကစ္စတန် နိုင်ငံ လွှတ်တော် ၏ ပြည်ထဲရေး နှင့် မူးယစ်ဆေးဝါးတားဆီးရေး ကော်မတီ ဥက္ကဋ္ဌ Rahman Malik က Toba Tek Singh ရှိ ဒေသအစိုးရ အား ယင်းအမှုကိစ္စ နှင့်ပတ်သက်၍ ဘက်စုံ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်ရန် နှင့် အမြန်ဆုံး အသေးစိတ် စုံစမ်းမှု အစီရင်ခံစာတင်ရန် ပြောကြား ခဲ့ပြီး တရားမဝင် အဆိပ်ရှိသော အရက်များ ထုတ်လုပ်ရောင်းချသူကို ပြင်းထန်စွာ အရေးယူရန် ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက်များအရ အရက်ရောင်းချခဲ့သူ ၂ ဦးမှာ အဆိပ်အရက်ကြောင့် သေဆုံးခဲ့ရပြီး အခြား ယင်းအမှုအခင်း နှင့် ပတ်သက်သူ များအား ရဲတပ်ဖွဲ့ က ဖမ်းဆီး လိုက်ပြီးဖြစ်ကြောင်း သိရှိရသည်။ဒီဇင်ဘာ လ ၂၇ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံ မီဒီယာ များက Toba Tek Singh ဒေသတွင် ခရစ္စမတ် ကာလ အတွင်း ဈေးပေါသည့် အရက်များ သောက်သုံးမိခဲ့သောကြောင့် အဆိပ်သင့်ခဲ့ပြီး ၂၆ ဦးသေဆုံးကာ အများအပြား မူးမေ့သွား ခဲ့ကြောင်း သတင်းဖော်ပြ ခဲ့ကြသည်။လက်တလော နှစ်များအတွင်း ပါကစ္စတန် နိုင်ငံ တွင် အရက်သောက်ခြင်းကြောင့် အဆိပ်သင့်မှု မကြာခဏ ဖြစ်ပွား ခဲ့သည်။၂၀၁၄ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံ Hyderabad မြို့တွင် အရက်အဆိပ်သင့်မှုဖြစ်ပွား ခဲ့ပြီး ၂၄ ဦးသေဆုံး ခဲ့သည်။ယခုနှစ် မတ်လတွင်လည်း Hyderabad မြို့တွင် အရက်အဆိပ်သင့်မှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး ၄၄ ဦးသေဆုံး ခဲ့သည်။(Xinhua)