Connect with us

Asia

ရုရှား သမ္မတ ပူတင် မှ မြောက်ကိုးရီးယား အား ပိတ်ဆို့အရေးယူ သည့် ဥပဒေ ပြဌာန်းချက် တွင် လက်မှတ်ရေးထိုး

ရုရှား သမ္မတ ပူတင် မှ ကာကွယ်ရေး ဝန်ကြီး နှင့် နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံဆွေးနွေးနေစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ရုရှား သမ္မတ ပူတင် သည် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မြောက်ကိုးရီးယား နိုင်ငံ အား ပိတ်ဆို့အရေးယူ သည့် ဥပဒေ ပြဌာန်းချက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကုလသမဂ္ဂ ၏ မြောက်ကိုးရီးယား နိုင်ငံ အား အရေးယူသည့် ဆုံးဖြတ်ချက် အမှတ်စဉ် ၂၂၇၀ ကို အကောင်အထည် ဖော်ခဲ့သည်။

ရုရှား နိုင်ငံ ဥပဒေ အချက်အလက် ဝက်ဘ်ဆိုဒ် မှ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ယင်း ဥပဒေ ပြဌာန်းချက် ကို ကြေညာ ခဲ့သည်။ဥပဒေ ပြဌာန်း ချက် တွင် မြောက်ကိုးရီးယား နိုင်ငံ သို့ လေယာဉ် လောင်စာဆီ နှင့် ဂျက်အင်ဂျင် လောင်စာဆီ များ ပို့ဆောင်ခြင်းကို ပိတ်ပင်သွားမည် ဖြစ်ကြောင်း ၊ နျူကလီးယား လက်နက် တိုးချဲ့ရန် အတွက် လိုအပ်သည့် ပစ္စည်းကိရိယာ များနှင့် နည်းပညာများကို ပိတ်ပင်မည် ဖြစ်ကြောင်း ၊ မြောက်ကိုးရီးယား နိုင်ငံ မှ ရွှေနှင့် အခြား သတ္တု တွင်းထွက် များ တင်တွင်းခြင်းကို ပိတ်ပင်မည် ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ တွင် စုံစမ်းတွေ့ရှိခဲ့သည့် မြောက်ကိုးရီးယား နိုင်ငံ နျူးကလီးယား စီမံကိန်း နှင့်ပတ်သက်သည့် ရန်ပုံငွေ ၊ ငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှု နှင့် အခြား စီးပွားရေး အရင်းအမြစ် အားလုံးကို အရေးယူ သိမ်းဆည်း မည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် ဥပဒေ ပြဌာန်း ချက်တွင် မြောက်ကိုးရီးယား နိုင်ငံ သို့ ဇိမ်ခံပစ္စည်းများ တင်ပို့ခြင်းကိုလည်း ပိတ်ပင် သွားမည်ဖြစ်ကြောင်း ၊ ခရစ္စတယ် နှင့် ပြုလုပ်သည့် ထုတ်ကုန်များ ၊ ဘိလိယက်ခုံများ ၊ အဆင့်မြင့် လက်ပတ် နာရီများ ၊ စက်လှေများ နှင့် အခြားတန်ဖိုးကြီး အားကစား ပစ္စည်းများ မြောက်ကိုးရီးယား သို့တင်ပို့ခြင်းကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုးရီးယား နိုင်ငံ မှ ၄ကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှု နှင့် ပဲထိန်းဒုံကျည် စနစ်ဖြင့် စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ကြောင်း ကြေညာခဲ့ပြီး နောက်တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှ မတ်လ တွင် မြောက်ကိုးရီးယား ကို ပိတ်ဆို့အရေးယူမည့် အမှတ်စဉ် ၂၂၇၀ ဆုံးဖြတ်ချက်ကို အလုံးစုံ ထောက်ခံမှု ဖြင့် သဘောတူညီခဲ့ကြသည်။ထို့ပြင် မြောက်ကိုးရီးယား နျူကလီးယား ကိစ္စရပ် နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရေး အတွက် ၆ နိုင်ငံ ဆွေးနွေးမှု လုပ်ငန်း အား ပြန်လည် စတင်ခြင်းကိုလည်းထောက်ခံကြောင်း ကိုလည်း ကြေညာခဲ့သည်။(Xinhua)