Connect with us

Asia

ချက်နိုင်ငံတွင် ဂလိုက်ဒါပျက်ကျ၍ စီးနင်းသူ သေဆုံး

ဂလိုက်ဒါ စီးနင်းသူ တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပရာ့ဂ်၊ ဒီဇင်ဘာ ၃၁ရက် (ဆင်ဟွာ)

ချက်နိုင်ငံရှိ တောင်မိုရာဗီရာစီရင်စု တွင် ဒီဇင်ဘာ၃၀ရက် နေ့လည်ပိုင်းက ဂလိုက်ဒါတစ်စီးပျက်ကျခဲ့၍ အသက် ၅၇နှစ်အရွယ် စီးနင်းသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ဂလိုက်ဒါသည် ၃၀မီတာ အမြင့်မှ ပျက်ကျခဲ့ခြင်းဖြစ်ပြီး စီးနင်းသူသည် ပျက်ကျရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။တောင်မိုရာဗီရာစီရင်စု အရေးပေါ်ဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Hedvika Kropackova က ဂလိုက်ဒါပျက်ကျသည်ကို တွေ့မြင်ခဲ့သူများက ကယ်ဆယ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က ယင်းမတော်တဆဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)