Connect with us

Asia

ဖိလစ်ပိုင်သမ္မတဟောင်း၏ ဇနီး မွေးနေ့ပါတီ၌ အစာအဆိပ်သင့်သူ ၂၆ဝ ကျော်ထိရှိလာ


မနီလာ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

မက်ထရိုမနီလာမြို့တော်၏ အရှေ့ဘက် Pasig မြို့၌ ဇူလိုင် ၃ ရက်တွင် ကျင်းပသည့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ(ဟောင်း) ဖာဒီနန်မားကိုစ့်၏ ဇနီး အီမယ်လ်ဒါ မာကို့စ် (Imelda Marcos) ၏ အသက် ၉ဝ ပြည့် မွေးနေ့ပါတီတွင် ကျွေးမွေးသော မသန့်ရှင်းသည့် နေ့လည်စာကို စားသုံးမိပြီးနောက် အဆိပ်မိ ဖျားနာသူပေါင်း အနည်းဆုံး ၂၆ဝ ဦးထိ ရှိလာကြောင်း ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးအရာရှိများက ဆိုသည်။

Pisig မြို့ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး Rizalito Gapas က ဗိုက်အောင့်ခြင်း ၊ မူးမောခြင်း နှင့် အော့အန်ခြင်း စသည့် ဝေဒနာခံစားရသူများကို နီးစပ်ရာဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက အားကစားရုံတစ်ခုအတွင်း ကျင်းပသည့် မွေးနေ့ပွဲအခမ်းအနားသို့တက်ရောက်သူပေါင်း ခန့်မှန်းခြေ ၂၅ဝဝ ဦးခန့်ရှိကြောင်း ဆိုသည်။

ဖိလစ်ပိုင်သမ္မတဟောင်း မားကိုစ့်၏ ဇနီး မွေးနေ့ပွဲတွင် အစာအဆိပ်သင့်ခဲ့သူများကို ဆေးကုသပေးနေစဉ်(ဆင်ဟွာ)

ကနဦးစစ်ဆေးချက်များအရ ဝက်အသားပြားအား ပဲပိစပ်ဆော့စ်၊ ရှာလကာရည်၊ ကြက်သွန်ဖြူများနှင့်ချက်ပြုတ်ထားသော နာမည်ကျော် ဖိလစ်ပိုင်အစားအစာတစ်မျိုးဖြစ်သည့် Adobo အား စားသုံးပြီးနောက် အစာအဆိပ်သင့်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ အစားအစာကြောင့် ဧည့်သည်များ အဆိပ်သင့်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ရန် နောက်ထပ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန် Francisco Duque က အစာအဆိပ်သင့်မှုသည် မွေးနေ့ပါတီ၌တည့်ခင်းသော မသန့်ရှင်းသော ကြက်သားဟင်း ၊ ကြက်ဥပြုတ် နှင့် ထမင်း တို့ကို စားသုံးမိခြင်းကြောင့် ဖြစ်ကြောင်းဆိုသည်။ မွေးနေ့ပွဲတက်ရောက်လာသူများကို အစားအသောက်ပွဲပေါင်း ၂၅ဝဝ ခန့်တည့်ခင်းခဲ့ကြောင်း ၎င်းကဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဖာဒီနန် မာကို့စ် (Ferdinand Marcos) ၏ ဇနီး အီမယ်လ်ဒါ မာကို့စ်သည် ဇူလိုင်လ ၂ ရက်က အသက် ၉၀ ပြည့်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.