Connect with us

Asia

ဂျပန်နိုင်ငံ တောင်ပိုင်း တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၆ သိန်း အရေးပေါ် ရွှေ့ပြောင်းရ

ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့နွံ့များ ထူထပ်နေသော လမ်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တောင်ပိုင်း Kyushuတွင် ရက်ဆက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၆ သိန်း နီးပါး ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးရန် ဒေသခံအာဏာပိုင်များက ဇူလိုင် ၃ ရက်တွင် သတိပေးထားကြောင်း သိရသည်။

Kyushuကျွန်း တောင်ပိုင်း အချို့ဒေသများတွင် ဇွန် ၂၉ ရက်မှ ယနေ့ထိဆိုလျှင် မိုးရေချိန် စုစုပေါင်း ၁၀၀၀ မီလီမီတာရှိကြောင်း ၊ အချို့ဒေသများတွင် ဇူလိုင် ၄ ရက် နေ့လည်ပိုင်းမတိုင်မီ မိုးရွာသွန်းမှုပမာဏသည် ၃၅၀ မီလီမီတာ ရှိမည်ဟု ခန့်မှန်းရကြောင်း NHK သတင်းများက ဆိုသည်။ ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုစသည့် ဆက်စပ်ဘေးအန္တရာယ်များ ဖြစ်ပွားနိုင် ကြောင်းသိရသည်။

ကာဂိုရှီးမား စီရင်စုတွင် ကာဂိုရှီးမားမြို့အပါအဝင် မြို့၃မြို့တွင် လူ ၆ သိန်း နီးပါးကို ရွှေ့ပြောင်းမိန့်ချ ထားပြီဖြစ်ကြောင်းသိရသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေသခံများ ဘေးအန္တရာယ် ကာကွယ်မှုများ ကြိုတင် ပြင်ဆင်ထားရန် ၊ JSDF တပ်ဖွဲ့အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သောနှစ်က ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၂၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းမှာ ဂျပန်နိုင်ငံတွင် ၃၆ နှစ်အတွင်း အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ဖြစ်သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117