Connect with us

Asia

အိန္ဒိယကွန်ဂရက်ပါတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်စာတင် ၊ ဆက်ခံသူကို ရွေးကောက်တင်မြှောက်ရန် တိုက်တွန်း

အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီဥက္ကဋ္ဌ ရာဟူးလ်ဂန္ဒီ (ဝတ်စုံအဖြူ) အားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီ ဖြစ်သော ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌ ရာဟူးလ်ဂန္ဒီ(Rahu Gandhi) သည်ပါတီခေါင်းဆောင်ရာထူးမှ နုတ်ထွက်ကြောင်း ဇူလိုင် ၃ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

“ ကျွန်တော်တို့ရဲ့ လှပတဲ့အမိနိုင်ငံတော်အတွက် အသက်သွေးချွေးရင်းပြီး အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးတွေ ၊ အသိဉာဏ်တွေနဲ့ ကြိုးပမ်း အားထုတ်လုပ်ကိုင်နေတဲ့ ကွန်ဂရက်ပါတီမှာ ပါဝင် ဆောင်ရွက်ခွင့်ရခဲ့တဲ့အပေါ်ကျွန်တော့်အနေနဲ့များစွာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်ဟာ တိုင်းပြည် နဲ့ပါတီအပေါ်မှာ ကျေးဇူးတရားတွေ နဲ့ချစ်ခြင်းတွေ အကြွေးတင်နေပါတယ်” ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည့် ဂန္ဒီ၏ နုတ်ထွက်စာတွင် ဖော်ပြထားသည်။

ပြီးခဲ့သော အထွေထွေရွေးကောက်ပွဲများတွင် ၎င်း၏ ပါတီရလဒ်မကောင်းခဲ့ခြင်းအပေါ် တာဝန်ရှိကြောင်း ရာဟူလ်းဂန္ဒီက ဝန်ခံခဲ့ပြီး ပါတီခေါင်းဆောင်သစ်တစ်ယောက်ကို ရွေးကောက်တင်မြှောက်ကြရန် တိုက်တွန်းခဲ့သည်။

“၂ဝ၁၉ ရွေးကောက်ပွဲမှာ ရှုံးနိုမ့်ခဲ့ခြင်းအပေါ် ကွန်ဂရက်ပါတီဥက္ကဋ္ဌ အနေဖြင့် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ပါတီအနာဂတ် ထွန်းလင်းတောက်ပဖို့အတွက် တာဝန်ယူဖြေရှင်းမှု က အရေးကြီးပါတယ်။ အဲဒီအကြောင်းပြချက်ကြောင့် ကွန်ဂရက်ပါတီဥက္ကဋ္ဌ ရာထူးကနေ ကျွန်တော်နုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ၎င်း၏ နုတ်ထွက်စာတွင် ရေးသားထားသည်။ “ အခုချိန်မှာ ပါတီခေါင်းဆောင်သစ်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ဖို့သိပ်ကို အရေးကြီးပါတယ်။ အဲဒီလူကို ကျွန်တော့်အနေနဲ့ရွေးချယ်ပေးဖို့တော့ မဖြစ်သင့်ပါဘူး” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သော အထွေထွေရွေးကောက်ပွဲ ရလဒ်များထွက်ပေါ်လာခဲ့ပြီးနောက် မေ ၂၅ ရက်ကပြုလုပ်သည့် ကွန်ဂရက်ပါတီ အလုပ်အမှုဆောင်ကော်မတီ (CWC) အစည်းအဝေးတွင် ရာဟူးလ်က ၎င်းအနေဖြင့် ဥက္ကဋ္ဌ ရာထူးမှ ချက်ခြင်းနုတ်ထွက်ပေးသွားမည်ဖြစ်ကြောင်း စာတင်ခဲ့သည်။ သို့သော် ပါတီကော်မတီက ၎င်း၏နုတ်ထွက်စာကို ငြင်းပယ်ခဲ့သည်။

CWC သည် သက်တမ်းရင့် အိန္ဒိယနိုင်ငံရေးပါတီ( ကွန်ဂရက်ပါတီ) ၏ အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် ကော်မတီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီသည် လွှတ်တော်အမတ်နေရာ ၅၂ ခုသာ အနိုင်ရရှိခဲ့သည်။

ရာဟူးလ်ဂန္ဒီသည် အိန္ဒိယနိုင်ငံ၏ သြဇအကြီးမားဆုံး နေရူး-ဂန္ဒီ မိသားစုမှ ဆင်းသက်လာသော စတုတ္ထမြောက် မျိုးဆက် ဖြစ်ပြီး ၎င်းမိသားစု၏ အခိုင်အမာမဲဆန္ဒနယ်ဖြစ်သော အူထရာပရာဒက်ရှ်(Uttar Pradesh) မဲဆန္ဒနယ်တွင်ပင် ရှုံးနိုမ့်ခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ၎င်းသည် Kerala ပြည်နယ်၏ Wayanad ခရိုင်မြူနီစပယ်တွင် အနိုင်ရခဲ့သည်။

နာရန္ဒြာမိုဒီဦးဆောင်သော BJP ပါတီသည် လွှတ်တော်အမတ်နေရာ ၃ဝ၃ ခု အနိုင်ရခဲ့ပြီး ၎င်း၏မဟာမိတ် အမျိုးသားဒီမိုကရက်တစ်ပါတီ(NDA) နှင့်အတူ လွှတ်တော်အမတ်နေရာ ၃၅၃ နေရာ သိမ်းပိုက်ခဲ့သဖြင့် စုစုပေါင်း လွှတ်တော်အမတ်နေရာ ၅၄၃ ခုရှိသော အိန္ဒိယပါလီမန်ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.