Connect with us

Asia

မလေးရှားက ဆောင်ရွက်ခဲ့သည့် ကင်ဂျုံနမ်၏ ကွယ်လွန်ပြီးဆေးစစ်ချက်မှတ်တမ်းအား လက်မခံကြောင်း မြောက်ကိုရီးယားပြောကြား

မလေးရှားတွင် အသတ်ခံရသည့် ကင်ဂျုံနမ် အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) က မလေးရှားနိုင်ငံ တွင် ဖေဖော်ဝါရီ ၁၃ရက် အသတ်ခံရသည့် မြောက်ကိုရီးယားနိုင်ငံသား၏ ရုပ်အလောင်းအား မလေးရှားနိုင်ငံက ရင်ခွဲစစ်ဆေး၍ ရရှိလာသော ကွယ်လွန်ပြီးဆေးစစ်ချက်မှတ်တမ်းအား ခြွင်းချက်မရှိပယ်ချသွားမည်ဖြစ်ကြောင်း နှင့် ၎င်း၏ ရုပ်အလောင်းအား ချက်ချင်းလွှဲပြောင်းပေးရန် လိုလားကြောင်း ကွာလာလမ်ပူမြို့ရှိ မြောက်ကိုရီးယားသံရုံးက ဖေဖော်ဝါရီလ ၁၇ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား သံအမတ် Kang Chol က “ကျွန်တော်တို့ရဲ့ခွင့်ပြုချက် နဲ့ မျက်မြင်သက်သေမရှိဘဲ မလေးရှားဘက်က ရင်ခွဲစစ်ဆေးခြင်းကို အတင်းအကျပ်ပြုလုပ်ခဲ့တာပါ။ ကျွန်တော့်တို့ မပါဝင်ဘဲ တစ်ဖက်သတ်ဆောင်ရွက်ခဲ့တဲ့ ကွယ်လွန်ပြီးဆေးစစ်ချက်မှတ်တမ်းကို ခြွင်းချက်မရှိ ပယ်ချသွားမှာပါ” ဟု ကွာလာလမ်ပူဆေးရုံ၏ မှုခင်းဆိုင်ရာဋ္ဌာန အပြင်ဘက်ရှိ သတင်းမီဒီယာသမားများထံ ထုတ်ပြန်ချက် ပေးပို့ခဲ့သည်။

မလေးရှားနိုင်ငံက ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ကွာလာလမ်ပူမြို့၌ အသတ်ခံရသူသည် မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်း၏ အဖေတူအမေကွဲ အကို ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117