Connect with us

Asia

သေဆုံးသွားသော မြောက်ကိုရီးယားနိုင်ငံသားက ကင်ဂျုံနမ် ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အတည်ပြု

ကင်ဂျုံနမ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် သေဆုံးခဲ့သော မြောက်ကိုရီးယားနိုင်ငံမှ အမျိုးသား တစ်ဦးသည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း၏ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ် (Kim Jong Nam) ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် အာမတ်ဇာဟစ်ဟာမီဒီက ပြောကြားလိုက်ကြောင်း ဘနားမား သတင်း အေဂျင်စီက ဖေဖော်ဝါရီလ ၁၇ ရက်က သတင်း တင်ပြထားသည်။

ယင်း အမျိုးသား ကိုင်ဆောင်သော ပတ်စပို့အရ ကင်ချွေ (Kim Chol) ဟု မလေးရှား ရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောကြားထားခဲ့သည်။ အဆိုပါ ကင်ချွေနှင့် ကင်ဂျုံနမ်မှာ တစ်ဦးတည်း ဖြစ်ကြောင်း ဇာဟစ်၏ ပြောကြားချက်အား ကိုးကား၍ ဘနားမား သတင်းက ဖော်ပြထားသည်။

ထို့ပြင် မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကင်ဂျုံနမ် သေဆုံးမှုနှင့် ဆက်စပ်ပြီး တတိယမြောက် သံသယရှိသူ တစ်ဦးအား ထပ်မံ ဖမ်းဆီးမိခဲ့ကြောင်း မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ အဆင့်မြင့် အရာရှိ တစ်ဦးက ယနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်) တွင် ပြောကြားလိုက်သည်။

အဆိုပါ တတိယမြောက် သံသယရှိသူမှာ အသက် ၂၆ နှစ်အရွယ် မလေးရှားနိုင်ငံသား တစ်ဦး ဖြစ်ပြီး ဖမ်းမိထားသည့် ဒုတိယမြောက် သံသယရှိသူ အမျိုးသမီး၏ ချစ်သူဟု ယုံကြည်ရကြောင်း Selangor ပြည်နယ် ရဲချုပ် အဗ္ဗဒူလ်ဆမာမတ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယခု မလေးရှား အမျိုးသား အပါအဝင် ကင်ဂျုံနမ် သေဆုံးမှုနှင့် ပတ်သက်ပြီး သံသယရှိသူ သုံးဦးကို ဖမ်းဆီးမိထားကြောင်း၊ ပထမဆုံး သံသယရှိ အမျိုးသမီးမှာ ဗီယက်နမ် ပတ်စပို့ ကိုင်ထားသူ ဖြစ်ကြောင်းနှင့် ဒုတိယမြောက် သံသယရှိသူမှာ အင်ဒိုနီးရှားနိုင်ငံ ပတ်စပို့ ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.