Connect with us

Asia

ဗီယက်နမ်နိုင်ငံရှိ မူလတန်းကျောင်းများတွင် ၂ဝ၁၇ ခုနှစ်မှစတင်ကာ တရုတ်ဘာသာစကား သင်ကြားမည်

ဗီယက်နမ်နိုင်ငံရှိ မူလတန်းကျောင်း တစ်ကျောင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံရှိ မူလတန်းကျောင်းများတွင် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ တရုတ်ဘာသာစကားကို စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၉ ရက်က ထုတ်ပြန်သည့် ဗီယက်နမ်နိုင်ငံပညာရေး နှင့်လေ့ကျင့်ရေး ဝန်ကြီးဌာန(MoET) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီးသတင်းများက ဖော်ပြသည်။

ဗီယက်နမ်ပညာရေး နှင့် လေ့ကျင့်ရေးဝန်ကြီးဌာနသည် အထွေထွေပညာရေးအစီအစဉ်တစ်ခုအနေဖြင့် တရုတ် ၊ ဂျပန် နှင့် ရုရှား ဘာသာစကားများကို အခြေခံပညာကျောင်းများတွင် တတိယတန်း မှ ၁၂ တန်းအထိ ပထမဆုံးနိုင်ငံခြားဘာသာစကား သုံးမျိုးကို တွဲဖက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Lang Son ပြည်နယ် ၏ MoET ဌာန ဒုတိယအကြီးအကဲ Nguyen Minh Chau က ပြောကြားရာတွင် ၎င်းတို့ပြည်နယ်သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသဖြင့် တရုတ်ဘာသာစကားကို ပို၍ လူကြိုက်များလိမ့်မည်ဖြစ်ကြောင်း ဒေသတွင်း Dan Tri (ပြည်သူ့အသိအမြင်) အွန်လိုင်းသတင်းစာသို့ပြောကြားခဲ့သည်။
Lang Son ပြည်နယ်အတွင်းရှိ ကျောင်းများတွင် အင်္ဂလိပ်စာသည် ပထမဆုံး နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသားများ၏ တောင်းဆိုချက်အရ အချို့စာသင်ခန်းများတွင် တရုတ်ဘာသာစကားကိုလည်း ပထမဆုံး နိုင်ငံခြားဘာသာစကားတစ်ခုအဖြစ် သင်ကြားပေးသွားမည်ဖြစ်သည်။
၂ဝ၁၆ – ၂ဝ၁၇ ခု ပညာသင်နှစ်တွင် ကိုရီးယား ၊ ပြင်သစ် နှင့် ဂျာမနီဘာသာစကားများကို ဒုတိယနိုင်ငံခြားဘာသာစကားအဖြစ် ထည့်သွင်းသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.