Connect with us

Asia

ဗီယက်နမ်နိုင်ငံ ဟာလုံဘေ၌ သင်္ဘောချင်းတိုက်မှုဖြစ်ပွား ၊ တရုတ်နိုင်ငံသား ခရီးသွား ၃၁ ဦးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့

ဗီယက်နမ်နိုင်ငံ၏ နာမည်ကျော် ဟာလုံဘေ ပင်လယ်ပြင်၌ သွားလာနေသော အပျော်စီးသင်္ဘောများအား တွေ့ ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Quang Ninh ပြည်နယ်ရှိ နာမည်ကျော် ဟာလုံဘေ ( Ha Long Bay) ပင်လယ်ပြင်၌ ကုန်တင်သင်္ဘောတစ်စင်း နှင့် ကမ္ဘာလှည့်ခရီးသည်များလိုက်ပါလာသည့် အပျော်စီးသင်္ဘောတစ်စင်း တို့ ဒီဇင်ဘာ ၂၄ ရက်တွင် ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာ အပျော်စီးသင်္ဘောပေါ်တွင် လိုက်ပါလာသော တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၃၁ ဦး ၊ ဧည့်လမ်းညွှန် ၁ ဦး နှင့် သင်္ဘောအမှုထမ်း ၄ ဦး စလုံး ကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အပျော်စီးသင်္ဘော Hong Long 3109 သည် ကမ္ဘာလှည့်ခရီးသည်များကိုတင်ဆောင်၍ မောင်းနှင်လာစဉ် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ ရီခန့်တွင် Ti Top ကျွန်းအနီး၌ Hai Phong မြို့မှ Quang Nihn ပြည်နယ် Hon Net ဆိပ်ကမ်းသို့ဦးတည်ခုတ်မောင်းလာသော ကုန်တင်သင်္ဘော Hung Vuong HP3888 နှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

အဆိုပါ ကုန်တင်သင်္ဘောပေါ်တွင် အလေးချိန် ၁,၇ဝဝ တန် ခန့်ရှိသော ကုန်ပစ္စည်းများကို သယ်ဆောင်လာကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ သင်္ဘောတိုက်မှု ဖြစ်ပွားရခြင်းအကြောင်းအရာ နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.