Connect with us

Asia

ဖိလစ်ပိုင်မြောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၁၉ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ပြည်နယ်တစ်ခုတွင် ဒီဇင်ဘာ ၂၅ ရက်က ခရီးသည်တင် ဂျစ်ကားတစ်စီး နှင့် ဘတ်စ်ကားတစ်စီး တိုက်မိခဲ့ရာ အနည်းဆုံး လူ ၁၉ဦးသေဆုံးပြီး အခြားလူ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Luzon ကျွန်း La Union ပြည်နယ် Agoo မြို့ ရဲချုပ် Roy Villanueva က မနီလာမြောက်ပိုင်းလမ်းမပေါ်ရှိ တောင်ဘက်သို့ဦးတည်နေသော လမ်းကြောင်းပေါ်၌ ဒီဇင်ဘာ ၂၅ ရက် နံနက် ၃း၃၀နာရီတွင် ခရီးသည်တင် ဂျစ်ကားတစ်စီး နှင့် တစ်ဖက်လမ်းသို့ ကျော်တက်ရန် ကြိုးစားခဲ့သည့် မြောက်ဘက်သို့ ဦးတည်လာသော ဘတ်စကားတစ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂျစ်ကားပေါ်ပါရှိလာသည့် ခရီးသည် ၂၉ဦးအနက် ၁၉ဦးသေဆုံးခဲ့ပြီး ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၅ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း Villanueva က သတင်းထောက်များအားပြောကြားခဲ့သည်။

Villanueva က သေဆုံးသူများ၏ ကိုယ်ရေးရာဇဝင်များကို စုံစမ်းစစ်ဆေးနေပြီး ယင်းမတော်တဆမှုကြောင့် သေဆုံးသူများတွင် အသက် ၇လသားအရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.