Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်သည် ၁၄၃သန်းကျော်အထိရောက်ရှိလာ
![မိုဘိုင်းဖုန်းအသုံးပြုနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသမီးငယ် ၂ဦးအားတွေ့ရစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2017/12/images_world_2017_12_22d1.jpg)
ဒါကာ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် သည် နိုဝင်ဘာလအကုန်တွင် ၁၄၃သန်း ကျော်အထိရောက်ရှိလာခဲ့ပြီး ၂၀၁၇ခုနှစ် ပထမ ၁၁လ အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ ၁၆သန်း ကျော် တိုးတက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတယ်လီကွန်းစည်းကမ်းထိန်းသိမ်းရေး က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တယ်လီကွန်းဆက်သွယ်ရေးစည်းကမ်းထိန်းသိမ်းရေး ကော်မရှင် (BTRC) ၏ အချက်အလက်များအရ နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းသုံးစွဲသူ အရေအတွက်သည် နိုဝင်ဘာလ တွင် ၁၄၃.၁၀၆သန်းအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုဘိုင်းဖုန်းအော်ပရေတာ ကုမ္ပဏီ ၄ခု ရှိပြီး ၎င်းတို့အနက် Grameenphone၊ Robi နှင့် Banglalink ကုမ္ပဏီများသည် နိုင်ငံခြားမှ ကျောထောက်နောက်ခံပေးထားသော မိုဘိုင်းဖုန်း အော်ပရေတာများ ဖြစ်ကြကြောင်း သိရသည်။
Grameenphone၊ Banglalink၊ Robi Axiata နှင့် Teletalk မိုဘိုင်းဖုန်း အော်ပရေတာများ၏ သုံးစွဲသူအရေအတွက်က နိုဝင်ဘာလအကုန်တွင် ၆၄.၉၅၉သန်း၊ ၄၁.၃၉၇သန်း၊ ၃၂.၃၃၀သန်း နှင့် ၄.၄၁၉သန်း အသီးသီးရှိကြကြောင်း BTRC ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၆ခုနှစ် ဒီဇင်ဘာလအကုန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်စုစုပေါင်းသည် ၁၂၆.၃၉၁သန်း နီးပါး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)