Connect with us

Asia

တောင်ကိုရီးယားတွင် အဆောက်အအုံတစ်လုံးမီးလောင်မှုကြောင့် သေဆုံးသူ ၂၉ဦးအထိရှိလာ

-မီးလောင်မှုဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားမှ ၈ထပ်တိုက်အဆောက်အအုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း တွင် ဒီဇင်ဘာ ၂၁ ရက် က အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေသည် ၂၉ဦးအထိမြင့်တက်လာခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

မြို့တော် ဆိုးလ်မြို့ အရှေ့တောင်ဘက် ၁၇၀ကီလိုမီတာခန့် အကွာ North Chungcheong ပြည်နယ် Jecheon မြို့ရှိ ၈ထပ်မြင့်သော ကိုယ်ကာယလေ့ကျင့်ရေးစင်တာ အဆောက်အအုံ တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားနေချိန်တွင် အဆောက်အအုံ၏ ဒုတိယထပ် နှင့် တတိယထပ်ရှိ အများသုံး ချွေးထုတ်ခန်းအတွင်း ပိတ်မိနေသူများ သေဆုံးခဲ့ကြောင်း သိရသည်။

မီးခိုးများ ရှူရှိုက်မိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၆ဦးကို နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆောက်အအုံ၏ ပထမထပ်ရှိ ကားပါကင်နေရာ၌ ဒေသစံတော်ချိန် မွန်းလွဲ ၃း၅၃နာရီ တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီးနောက် အဆောက်အအုံတစ်ခုလုံးကို ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးသတ်ယာဉ် အစီး ၅၀၊ မီးသတ်ဝန်ထမ်း ၆၀ဦး နှင့် ရဟတ်ယာဉ် ၂စီး တို့ကို မီးငြိမ်းသတ်ရန် နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခင်းဖြစ်ပွားရာသို့ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုအား ဒေသစံတော်ချိန် ညနေ ၅း၄၀နာရီတွင် ငြိမ်းသတ်နိုင်ခဲ့ပြီးနောက် အဆောက်အအုံအတွင်း ရှာဖွေရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုယ်ကာယလေ့ကျင့်ရေးခန်းမ၊ အများသုံး ချွေးထုတ်ခန်း နှင့် စားသောက်ဆိုင် အတွင်း ရုပ်အလောင်းများ ထပ်မံတွေ့ရှိနိုင်သေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.