Connect with us

Asia

ဖိလစ်ပိုင်တောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်းကြောင့် အနည်းဆုံး လူ၃၀ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်း Kai-Takကြောင့် ပျက်စီးသွားသည့် နေအိမ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်တောင်ပိုင်း တစ်လျှောက်တွင် ဒီဇင်ဘာ ၂၂ရက်က တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ အနည်းဆုံး လူ ၃၀ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။

မင်ဒါနာအိုပြည်နယ်မြောက်ပိုင်းဒေသရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူး Lemuel Gonda က သေဆုံးသူများအနက် ၁၉ ဦးမှာ မုန်တိုင်းဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် Lanao del Norte ပြည်နယ်မှဖြစ်ပြီး အခြား ၃ဦးမှာ Bukidnon ပြည်နယ်မှဖြစ်ကာ တစ်ဦးမှာ Iligan ပြည်နယ်မှဖြစ်ကြောင်း သိရသည်။

Lanao del Sur ပြည်နယ်တွင်လည်း ရေကြီးမှု နှင့် မြေပြိုမှုများကြောင့် လူ ၇ဦးသေဆုံးခဲ့ပြီး အခြားလူ ၄ဦးပျောက်ဆုံးနေကြောင်း သိရသည်။အပူပိုင်းမုန်တိုင်း Kai-Tak သည် လွန်ခဲ့သော ရက်သတ္တပတ်အကုန်မှစ၍ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းသို့ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၄၁ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)