Connect with us

Asia

မြောက်ကိုရီးယား အမျိုးသား တစ်ဦး သေဆုံးမှုနှင့် ဆက်စပ်ကြောင်း ဒုတိယမြောက် သံသယရှိသူ အင်ဒိုနီးရှား ပတ်စပို့ ကိုင်ဆောင်ထားကြောင်း သိရ

မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သံသယရှိ အမျိုးသမီး ဓာတ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသား တစ်ဦး သေဆုံးမှုနှင့် ဆက်စပ်နေသည်ဟု သံသယရှိသူ ဒုတိယမြောက် အမျိုးသမီး တစ်ဦးကို နံနက် အစောပိုင်းက ဖမ်းဆီးမိခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ယနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်) တွင် ပြောကြားလိုက်သည်။

၎င်းသည် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဒုတိယမြောက် ဂိတ်ပေါက်တွင် ဖေဖော်ဝါရီလ ၁၅ ရက်က မြောက်ကိုရီးယား နိုင်ငံသား တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိခဲ့သော သံသယရှိသူ အမျိုးသမီးနှင့် ဆက်စပ်မှု ရှိမရှိ မသေချာသေးပေ။

အဆိုပါ ဒုတိယမြောက် သံသယရှိသူ အမျိုးသမီးအား လေဆိပ်ရှိ စောင့်ကြည့်ရေး ကင်မရာမှတစ်ဆင့် တွေ့ရှိခဲ့ပြီး တစ်ဦးတည်းရှိနေချိန်၌ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ရဲချုပ် ခါလစ် အဘူ ဘက်ကာက ကြေညာချက်၌ ပြောကြားထားသည်။

၎င်း ကိုင်ဆောင်ထားသည့် ပတ်စပို့အရ အင်ဒိုနီးရှားနိုင်ငံ Serang မြို့မှ Siti Aishah ဆိုသူ ဖြစ်ပြီး ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်၌ မွေးဖွားခဲ့သူ ဖြစ်ကြောင်း သိရသည်။

မလေးရှား အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သေဆုံးခဲ့သူမှာ ၎င်း ကိုင်ဆောင်ထားသည့် မြောက်ကိုရီးယား နိုင်ငံကူးလက်မှတ်အရ ကင်ချွေ (Kim Chol) ဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောကြားထားသည်။ သေဆုံးရသည့် အကြောင်းရင်းအား သိရှိနိုင်ရန် ၎င်း၏ ရုပ်အလောင်းအား ဖေဖော်ဝါရီလ ၁၅ ရက်က ကွာလာလမ်ပူရှိ ဆေးရုံသို့ ယူသွားခဲ့ကြောင်း၊ ဆေးစစ်ချက်အဖြေများအား ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.