Connect with us

Asia

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် ၉ဦးသေ

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၅ ရက်က ကားလေးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့၍ လူ ၉ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ယာဉ်မတော်တဆမှုသည် ဖေဖော်ဝါရီ ၁၅ ရက် နေ့လည်ပိုင်းတွင် Chiang Rai မြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားပုံမှာ ဘိလပ်မြေတင်ထရပ်ကား တစ်စီးသည် လမ်းလယ်၌ ရုတ်တရက်ကွေ့လိုက်ရာ တစ်ဖက်လမ်းမှ မောင်းနှင်လာသော ဗင်ကားတစ်စီးကို တိုက်မိပြီးနောက် ယင်းကားနောက်ရှိ ကားတစ်စီး နှင့် ထပ်မံ တိုက်မိခဲ့ကြောင်း သိရသည်။

Thairath သတင်းစာ၏ ဖော်ပြချက်အရ ထရပ်ကား သည် မော်တော်ဆိုင်ကယ်အား ရှောင်ရန် ၎င်း၏လမ်းကြောင်းအား ရုတ်တရက်ပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အတိုက်ခံရသည့် ဗင်ကားပေါ်တွင် လူ ၉ဦးပါဝင်လာခဲ့ကြောင်း နှင့် ပစ်ကပ်ကားတစ်စီးမှာလည်း ဘရိတ်မမိတော့၍ ယာဉ်တိုက်မှုတွင်ပါဝင်လာခဲ့ကြောင်း သိရသည်။

ပြည်တွင်းသတင်းဋ္ဌာနက အသက် ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် ဒဏ်ရာရရှိသူ ၄ဦးအား ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပြီး ယင်းမိန်းကလေးသည် ဗင်ကားအတိုက်ခံရမှုတွင် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှု အသေးစိတ်အကြောင်းအရာအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)