Asia
မြောက်ကိုးရီးယား နိုင်ငံအား တိုက်ခိုက်သည့် သတင်းတင်ဆက်သူ ဘီဘီစီ သတင်းသမားအား နိုင်ငံမှ နှင်ထုတ်

ပြုံယမ်း ၊ မေ ၉ ရက် (ဆင်ဟွာ)
မြောက်ကိုးရီးယား နိုင်ငံ (DPRK) ၏ အုပ်ချုပ်မှု စနစ်အပေါ် ဝေဖန် တိုက်ခိုက်သည့် BBC သတင်းသမား တစ်ဦးအား နိုင်ငံတွင်းမှ နှင်ထုတ်လိုက်ကြောင်းနှင့် အဆိုပါ ဗီဒီယို သတင်းသမားသည် အဓိပ္ပါယ်မဲ့သော သတင်း ရေးသားမှုများ ပြုလုပ်ခဲ့ကြောင်း မြောက်ကိုးရီးယား အမျိုးသား ငြိမ်းချမ်းရေး ကော်မတီက မေလ ၉ ရက်တွင် ပြုံယမ်းမြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့ပြင် အဆိုပါ သတင်းသမားအား မြောက်ကိုးရီးယား နိုင်ငံသို့နောက်ထပ် တစ်ကြိမ် ထပ်မံ မဝင်ရောက်ရန် တားမြစ်မှုများ ပြုလုပ်သွားမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထပ်မံ ပြောကြားခဲ့သည်။ (Xinhua)