Connect with us

Asia

တရုတ်၊ စပိန် ခရီးသွားများ တင်ဆောင်လာသည့် လှေ မလေးရှားနိုင်ငံ Sabah ပြည်နယ်၌ နစ်မြုပ်

လှေနစ်မြုပ်သွားသည့် ဆာဗားပြည်နယ် မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကွလာလမ်ပူ၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ် ခရီးသွား တစ်ဦးနှင့် စပိန် ခရီးသွား နှစ်ဦးအား တင်ဆောင်လာသည့် လှေတစ်စီးသည် မလေးရှားနိုင်ငံ အရှေ့ပိုင်း ဆာဗား ပြည်နယ် ရေပိုင်နက်၌ နစ်မြုပ်သွားသည်ဟု ယူဆရကြောင်း မလေးရှား အစိုးရက မေလ ၈ ရက်က ပြောကြားခဲ့သည်။

တံငါသည် တစ်ဦးက ၎င်း၏ ငါးဖမ်းပိုက်ကွန် အင်ဂျင်တွင် ညိနေရာမှ လှေအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မလေး ရှားနိုင်ငံ ပင်လယ်ရေကြောင်း အေဂျင်စီ၏ ဒေသဆိုင်ရာ အရာရှိ မိုဒ် ဇူဘီလ် မတ်ဆွမ်က နိုင်ငံပိုင် သတင်းအေ ဂျင်စီ ဖြစ်သော ဘနားမားသို့ ပြောကြားခဲ့သည်။

တရုတ်လူမျိုး တစ်ဦး၊ စပိန်လူမျိုး နှစ်ဦးနှင့် ဒေသခံ တစ်ဦးသည် မေလ ၂ ရက် Sabah Kudat ဧရိယာ၌ စပိဘုတ်ဖြင့် သွားရောက်ခဲ့ရာမှ နေရပ်သို့ ပြန်လည် ရောက်ရှိလားခြင်း မရှိပေ။ ပျောက်ဆုံးသူများအား ရှာဖွေ ခြင်းနှင့် ကယ်တင်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် တရုတ်လူမျိုးမှာ ဟောင်ကောင်မှ ဖြစ်ကြောင်းနှင့် ဆာဗာရှိ အပန်းခြေအိမ်ရာတွင် တည်းခိုနေသူ ဖြစ်ကြောင်း ဆာဗားပြည်နယ် မြို့တော်Kota Kinabalu ရှိ ကောင်စစ်ဝန်ရုံးမှ ဆင်ဟွာသို့ အတည်ပြု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.