Asia
အသစ်တည်ဆောက်ထားသော ဖရီးဂိတ်စစ်သင်္ဘောအား ထိုင်းနိုင်ငံတွင် အခမ်းအနားဖြင့်ရေချ

ဘန်ကောက်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ်လောင်ကွန်း (Maha Vajiralongkorn) သည် အိတ်ချ်တီအမ်အက်စ် ဘူမိဘော အဒူလျာဒတ် (HTMS Bhumibol Adulyadej) ဟု အမည်ပေးထားသည့် အသစ်တည်ဆောက်ထားသော ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းအား အောက်တိုဘာ ၁၆ ရက်တွင် အခမ်းအနားဖြင့် ရေချခဲ့ကြောင်း သိရသည်။
ဘုရင် မဟာဗာဂျီရယ်လောင်ကွန်းသည် မိဖုရား စုသီတာတို့သည် ချွန်ဘူရီပြည်နယ်ရှိ ဆတ်တာဟစ်ပ် ရေတပ်အခြေစိုက်စခန်းတွင် ပြုလုပ်သော အိတ်ချ်တီအမ်အက်စ် ဘူမိဘော အဒူလျာဒတ် ဖရီးဂိတ်စစ်သင်္ဘော ရေချခြင်းအခမ်းအနားနှင့် ဘိသိက်ပေးခြင်းအခမ်းအနား၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ သင်္ဘောအား နတ်ရွာစံသွားသည့် ဘုရင်လည်းဖြစ်၊ လက်ရှိဘုရင်၏ ဖခင်လည်းဖြစ်သူ၏ အမည်အား မှည့်တွင်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောအား တောင်ကိုရီးယားနိုင်ငံ ဒေဝူး သင်္ဘောတည်ဆောက်ခြင်းနှင့် ရေကြောင်းအင်ဂျင်နီယားရင်း ကုမ္ပဏီက တည်ဆောက်ထားခြင်းဖြစ်ပြီး ပယ်ဖျက်လိုက်သည့် HTMS Phuttha Yodfa Chulalok နှင့် HTMS Phuttha Lertla Naphalai ဖရီးဂိတ်သင်္ဘောနှစ်စင်း၏နေရာ၌ အစားထိုးရန် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ခန့်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။
တန် ၃,၇၀၀ အလေးချိန်ရှိသော ထိုသင်္ဘောတွင် ကိုယ်ပျောက်နည်းပညာအသုံးပြုထားကြောင်း၊ သင်္ဘောသား ၁၄၁ ဦး လိုက်ပါနိုင်ကြောင်းနှင့် ပင်လယ်မျက်နှာပြင် ကာကွယ်ခြင်း၊ လေကြောင်းကာကွယ်ခြင်းနှင့် ရေငုပ်သင်္ဘောဖျက်လုပ်ငန်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။ (Xinhua)