Connect with us

Media

အီဂျစ်ရေတပ်က ဂျာမနီနိုင်ငံထုတ် MEKO-A200 ဖရီးဂိတ်စစ်သင်္ဘော လက်ခံရရှိ

ကိုင်ရို၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

အီဂျစ်ရေတပ်က ဂျာမနီနိုင်ငံထုတ် MEKO-A200 ဖရီးဂိတ်စစ်သင်္ဘောသစ်တစ်စင်းအား Alexandria ကမ်းရိုးတန်းပြည်နယ်ရှိ အခြေစိုက်စခန်းတစ်ခု၌ ဒီဇင်ဘာ ၃၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း အီဂျစ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဂျာမနီနိုင်ငံ၏ ThyssenKrupp Marine Systems (TKMS) ဖြင့် တည်ဆောက်ထားသည့် ဖရီးဂိတ်စစ်သင်္ဘော လွှဲပြောင်းမှုလုပ်ငန်းစဉ်များက ဒီဇင်ဘာလလယ်ပိုင်းတွင် အီဂျစ်နိုင်ငံသို့ သင်္ဘောမထွက်ခွာမီ ဂျာမနီနိုင်ငံ Bremerhaven မြို့၌ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

Al-Qadeer ဟု အမည်ပေးထားသည့် ဖရီးဂိတ်စစ်သင်္ဘောသစ်သည် ၂၀၁၈ ခုနှစ်တွင် အီဂျစ်နိုင်ငံနှင့် TKMS တို့အကြား စာချုပ်ချုပ်ဆိုထားသည့် အီဂျစ်နိုင်ငံသို့ ပို့ဆောင်ရမည့် ဖရီးဂိတ်စစ်သင်္ဘော လေးစင်းအနက် တတိယမြောက်အစင်း ဖြစ်သည်။ အီဂျစ်ရေတပ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပထမဆုံး Al-Aziz ဖရီးဂိတ်စစ်သင်္ဘောအား လက်ခံရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် မေလတွင် ဒုတိယမြောက် Al-Qahhar ဖရီးဂိတ်စစ်သင်္ဘောအား ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Egyptian Navy receives German-made MEKO-A200 frigate
The Egyptian naval forces received on Sunday a new German-made MEKO-A200 frigate at a base in the coastal province of Alexandria, the Egyptian military said in a statement.
Built by Germany’s ThyssenKrupp Marine Systems (TKMS), the frigate delivery procedures were already completed in Bremerhaven, Germany, in mid-December before the warship headed to Egypt.
Named “Al-Qadeer,” the new frigate is the third MEKO-A200 warship to be delivered to Egypt out of four frigates contracted between Egypt and TKMS in 2018. The Egyptian Navy received the first frigate, “Al-Aziz,” in October 2022 and the second, “Al-Qahhar,” in May 2023.
Xinhua News Agency correspondents reporting from Cairo.(XHTV)