Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ အင်အားပြင်းငလျင်လှုပ် လူ ၁ ဉီး သေဆုံး ၊ ၆၀ ကျော် ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုဒေသ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း(Mindanao) အနီးတစ်ဝိုက်တွင် အောက်တိုဘာ ၁၆ ရက် ညပိုင်းက ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်စဉ် အဆောက်အဉီနံရံပြိုကျပြီး ပိမိရာမှ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဉီး သေဆုံးသွားကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဉီးက ဆိုသည်။

ကော့တာဘတ်တို(Cotabato) ပြည်နယ် မြောက်ပိုင်းရှိ Tulunanမြို့ – မြို့တော်ဝန် Reuel Limbungan က ဒဏ်ရာရသောကလေးငယ်ကို ဆေးရုံသို့ပို့ ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားသည်ဆိုသည့် သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ကြောင်း နှင့် ၎င်းနေထိုင်ရာ မြို့တွင်လည်း ငလျင်ကြောင့်အခြား လူ ၂ ဉီး ထိခိုက်ဒဏ်ရာရသွားကြောင်း ပြောကြားခဲ့သည်။

ကော့တာဘတ်တိုပြည်နယ်မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်ကြောင့် အနည်းဆုံး လူပေါင်း ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင် လေ့လာရေးဌာန(Phivolcs) က အောက်တိုဘာ ၁၆ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၃၇ မိနစ်တွင် ကော့တာဘတ်တိုပြည်နယ်မြောက်ပိုင်း Makilala မြို့၏ အနောက်တောင်ဘက် ၂၃ ကီလိုမီတာအကွာ၌ မြေအောက်အနက် ၂ ကီလိုမီတာကို ဗဟိုပြု၍ ကုန်းတွင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဆိုသည်။

သတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ Davao ဒေသ Digos မြို့တွင် အနည်းဆုံး ဒဏ်ရာရသူ ၄၀ ကျော်ရှိကြောင်း ၊ Magsaysay မြို့တွင် အနည်းဆုံး ဒဏ်ရာရသူ ၂၀ ကျော်ရှိကြောင်း နှင့် ကော့တာဘတ်တိုပြည်နယ်မြောက်ပိုင်း M’Lang မြို့တွင် နောက်ထပ် ဒဏ်ရာရသူ ၃ ဉီးရှိကြောင်း သိရသည်။

ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက် လှုပ်ခတ်နိုင်သည့် အတွေ့အကြုံအရ ငလျင်ဒဏ်သင့်ဒေသအတွင်းရှိ ဆေးရုံအချို့တွင် ၎င်းတို့၏ လူနာများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူမျာက ဆိုသည်။(Xinhua)