Connect with us

Asia

ထိုင်းနိုင်ငံ၏ ၂၀၂၀ ဘတ်ဂျက် ဉပဒေကြမ်းကို လွှတ်တော်၌ အတည်ပြု

ထိုင်းနိုင်ငံ၌ ယခုနှစ် မေလ အတွင်း အောက်လွှတ်တော် ဉက္ကဋ္ဌ နေရာ အတွက် မဲပေးမည့် လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ဘတ်ဂျက် ဉပဒေကြမ်းကို အောက်တိုဘာ ၁၉ ရက်တွင် ထောက်ခံ ဆန္ဒမဲ အနည်းငယ် အသာဖြင့် အောက်လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ဘတ်ငွေ ၃ ဒသမ ၂ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၄၃ ဘီလီယံဝန်းကျင်)ရှိသော ဘတ်ဂျက် ဉပဒေကြမ်း အပေါ် သုံးရက်တာ အပြင်းအထန် ဆွေးနွေး ညှိနှိုင်းပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်၂၅၀ ဦးက ထောက်ခံမဲပေးခဲ့ပြီး  ကြားနေ ၂၃၅ မဲ နှင့် ကန့်ကွက်သူ မရှိဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

လွှတ်တော်ကိုယ်စားလှယ်များ နှင့် အခြားပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့ဝင် ၆၄ ဉီးပါ  ဘတ်ဂျက်ကော်မတီတစ်ရပ်သည် အဆိုပါ ဉပဒေကြမ်းကို အထက်လွှတ်တော်သို့မပေးပို့မီ အသေးစိတ်စိစစ်မှုပြုလုပ်ပြီးနောက်တွင် တတိယအကြိမ်(သို့မဟုတ်) နောက်ဆုံးအကြိမ်အဖြစ် အောက်လွှတ်တော်သို့ပြန်လည်ပေးပို့ရမည်ဖြစ်သည်။  

ဆန္ဒမဲ မပေးမီ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ(Prayut Chan-o-cha)က လူမှုဘဝ မဖူလှုံမှု လျှော့ချရေး အမျိုးသားမဟာဗျူဟာကို အကောင်အထည်ဖော်ရန်  ၊ ပြည်သူ့လူနေမှုဘဝ အဆင့်အတန်း မြှင့်တင်ရန် နှင့်  အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်မှု အရည်အသွေးပိုင်းကို မြှင့်တင်ရန် စသည့် အချက်များကြောင့် လွှတ်တော်က အတည်ပြုသည့် ဘတ်ဂျက်ပမာဏ ဘတ်ငွေ ၄၆၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၄၆ ဘီလီယံ) သည် ပြီးပြည့်စုံ လုံလောက်မှု မရှိသေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117